မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ် ငတန်ပျင်းကျေးရွာက အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြု ကျင့်ပြီး အရပ်သား ၃၀ ကျော်ကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာဟာ လူမျိုးရေး ပဋိပက္ခကြောင့် ဖြစ်ရတာကို စစ်တပ်လော်ဘီတွေဖြန့်ချီနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ 

ဒီအကြောင်းကို သတင်းတမာန်၊ကျော်စွာနဲ့ ဟန်ငြိမ်းဦးစတဲ့ စစ်အုပ်စုဝါဒဖြန့် ချန်နယ်တွေနဲ့ စစ်တပ်လိုဂို ပရိုဖိုင်နဲ့ အကောင့်တုတွေက မတ်လ ၁၃ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ ဖြန့်ဝေ နေတာပါ။

ဖြစ်စဉ်မှာ မင်းပြားမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၂ လကျော်အတွင်း စစ်ကောင်စီက အရပ်သား ၃၀ ကျော်ကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သွားခဲ့တယ်လို့ လွတ်လပ်သော သတင်းဌာန တွေနဲ့ Humanitarian and Development Coordination Office ( HDCO) တို့က မတ်လ ၁၃ ရက် နေ့က ရေးသားထုတ်ဝေထားကြပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် နိရိဉ္စရာ သတင်းဌာနက စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေနေထိုင် တဲ့ ရပ်/ရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊စစ်လေယာဉ်တွေနဲ့ ဗုံးကြဲ တာ၊စစ်ရေယာဉ်တွေနဲ့ အမြောက်လက်နက်တွေနဲ့ ပစ်ခတ်တာတွေအပြင် ရပ်/ရွာတွေကို ဝင် ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာနဲ့ အမျိုးသမီးတွေကို အုပ်စုဖွဲ့ မုဒိန်း ကျင့်ကာ လူမဆန်စွာသတ်ဖြတ်ခဲ့တဲ့အပြင် ရပ်/ရွာတွေကို မီးရှို့ဖျက်ဆီးပြီး စစ်ရာဇတ်မှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့ကြတယ်လို့ ရေးသားထားပါတယ်။

AA လူသားချင်းစာနာထောက်ထားရေးဌာန HDCO ရဲ့ အစီရင်ခံစာမှာတော့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရသူတွေထဲမှာ အရပ်သား ၃၀ ကျော်ပါဝင်တယ်လို့ မတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

လွတ်လပ်တဲ့သတင်းဌာနတစ်ခုဖြစ်တဲ့ Delta News Agency မှာတော့ စစ်ကောင်စီဟာ မြို့ပေါ် တပ်ရင်းတွေ ထိုးစစ်ဆင်တိုက်ခိုက်ခံရတဲ့ ရက်ပိုင်းအတွင်း မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်က အမျိုးသမီးအပါအဝင် ၄ ဦးကို နေအိမ်အတွင်းဝင်ရောက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ တွေကို ကိုးကားပြီး ရေးသားထားပါတယ်။ 

နိရိဉ္စရာ သတင်းဌာန ဖော်ပြထားတဲ့သတင်း 

https://mobile.facebook.com/story.php?story_fbid=pfbid0spU4rpbU73Y5AwXuhqjW1AYq3Yf3okB7N5Egm24YnqAYbUoHVVxWGVQZExaw7fPkl&id=100064714144852&mibextid=Nif5oz&_rdc=1&_rdr

Humanitarian and Development Coordination Office ( HDCO)အဖွဲ့ရဲ့ ထုတ်ပြန်ချက်

https://t.me/hdcoULA/376

 Delta News Agency သတင်းဌာန ဖော်ပြထားတဲ့သတင်း 

https://mobile.facebook.com/story.php?story_fbid=pfbid0XS3qEY5aeTcDCLxVKCTcbvCaVYJScMNkdvUhqkMQQ5pKAD5qD8xfThPRE1iGbMwTl&id=100064892582655&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.