မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ကသဲရပ်ကွက်ကို ရက္ခိုင့်တပ်တော် AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းမှားဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေး သွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို ဟန်ငြိမ်းဦး၊Saw Ba Maung နဲ့ နောင်ရိုးစစ်သည် စတဲ့ စစ်အုပ်စုဝါဒန့် ချန်နယ် တွေနဲ့ စစ်တပ်ပရိုဖိုင်နဲ့ အကောင့်တုတွေက မတ်လ ၁၁ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့ စတင်ဖြန့်ဝေနေ တာပါ။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်အတွင်းကို မတ်လ ၉ ရက်နေ့ည ၉ နာရီ ဝန်းကျင်မှာ စစ်ကောင်စီရဲတပ်ရင်းအမှတ် ၁၂ မှ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ကသဲရပ်ကွက်အတွင်းက အရပ်သား ၈ ဦးသေဆုံးပြီး ၁၂ ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါ တယ်။

စစ်တွေမြို့အခြေစိုက် နိရဉ္စရာ သတင်းဌာနက ရခိုင်ပြည်မြို့တော် စစ်တွေမှာ လူနေရပ်ကွက် အတွင်း ညအချိန်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားအများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပြီး အဲဒီလက်နက်ကြီးဟာ စစ်ကောင်စီ ရဲတပ်ရင်း ၁၂ က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောစကားကို ကိုးကားပြီး သတင်းရေးသားဖော်ပြထားပါတယ်။

Myanmar Now သတင်းဌာမှာတော့ စစ်တွေမြို့၊စက်ရုံစုရပ်ကွက်ရှိ အမှတ် ၁၂ ရဲတပ်ရင်းက လက်နက်ကြီး နှစ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တဲ့အထဲက လက်နက်ကြီးကျည် တစ်လုံးမှာ မြို့လယ် အနီးအောင်မင်္ဂလာရပ်ကွက်နဲ့ ကသဲရပ်ကွက်အစပ်ကို ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် လူအများထိခိုက်ခဲ့တာဖြစ်တယ်လို့ ရေးသားထားပါတယ်။

နောက်ထပ်ရခိုင်အခြေစိုက်သတင်းဌာနဖြစ်တဲ့ Western News မှာ ရခိုင်ပြည် မြို့တော် စစ်တွေမြို့အတွင်း မွတ်ဆလင်ရပ်ကွက်သို့ မတ်လ ၉ ရက်နေ့ည ၉ နာရီကျော်အချိန်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မွတ်ဆလင် ၈ ဦးသေဆုံးပြီး ၁၂ ဦးပြင်းထန်ဒဏ်ရာများ ရရှိသွားတယ်လို့ အသိပေးထားပါတယ်။

Narinjaraသတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0csLTLzXDyMLrzA2WuqewwqfgUmg5QqRcWNc5i9NzgmV4po1TLSGVTnLWSFGrtz1pl&id=100064714144852&mibextid=Nif5oz&_rdc=1&_rdr

Myanmar nowသတင်းဌာနက ဖော်ပြထားတဲ့သတင်း

Western News သတင်း ဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0ghuYwGK1q5gdRrtmxS8EVubAXfqsw5pockVP7xm6zwmBeWrQVu4edzHnMcBJN2csl&id=100063883071441&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.