မင်္ဂလာပါရှင်

 သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ကရင်ပြည်နယ်၊မြဝတီမြို့ သင်္ဃန်းညီနောင်ကို စစ်တပ်ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် သင်္ဃန်းညီနောင်ရွာသစ်ရွာမှာဖွင့်လှစ်ထားတဲ့ သဘာဝတရားရိပ်သာထိမှန်ပြီး အဘိုးအို ၂ ဦးသေဆုံးရတာကို KNLA ဘက်က ပစ်ခတ်လို့ဖြစ်တယ်ဆိုပြီး စစ်တပ်လော်ဘီတွေဘက်က သတင်းမှားဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို Saw Ba Maung ၊ဟန်ငြိမ်းဦးနဲ့ နောင်ရိုးစစ်သည်စတဲ့ စစ်တပ်ဝါဒဖြန့် ချန်နယ် တွေနဲ့ စစ်တပ်လိုဂိုပရိုဖိုင်နဲ့ အကောင့်တွေက မတ်လ ၉ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့် ဝေနေတာပါ။ 

သင်္ဃန်းညီနောင်ဘက်မှာ မတ်လ ၈ ရက်နေ့ မနက် ၁၁ နာရီကျော်က စစ်တပ်ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ရွာသစ်ရွာမှာဖွင့်လှစ်ထားတဲ့ သဘာဝတရားရိပ်သာက အဘိုးအို ၂ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေနဲ့ လွတ်လပ်တဲ့သတင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီတပ်က KNLA မဟာမိတ် ပူးပေါင်းတပ်များရှိ‌‌ရာ နေရာများကို  တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်၊ ကင်းထောက်လေယာဉ်တွေနဲ့ စစ်တပ်ဗျူဟာကုန်းစခန်း မကျစေရေး ခုခံတိုက်ခိုက်နေသလို ခြေလျင်တပ်ရင်း ခလရ ၂၇၅ စစ်တပ်ကလည်း လက်နက်ကြီး ဆက်တိုက် ပစ်ခတ်နေကြောင်း KIC သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

Myanmar Now သတင်းဌာနမှာလည်း စစ်ကောင်စီတိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၅၀ ကျော်အရွယ်အမျိုးသား ၂ ဦးသေဆုံးကာ အဘိုးဘွား ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားပြီးဖော်ပြထားပါတယ်။ 

KICသတင်း ဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0nvWwDXtRwzAHUKsoWD4tBtfXCfWXFCxGHXkKuXtP7ZCJ7Rgwsrv6GkZVcUUtwcW7l&id=100064406626483&mibextid=Nif5oz&_rdc=1&_rdr

 Myanmar nowသတင်းဌာနက ဖော်ပြထားတဲ့

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.