မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာ ရဲနဲ့စစ်သားတွေက လူငယ်တွေကိုဖမ်းဆီးပြီး တပ်သားသစ်စု ဆောင်းနေတာအပြင် ငွေညှစ်နေတာတွေက သတင်းအမှားဖြစ်တယ်လို့ စစ်တပ်လော်ဘီတွေ ဖြန့်ဝေနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို MRTV၊ MWD၊Saw Ba Maung၊ ဟန်ငြိမ်းဦးနဲ့ နောင်ရိုးစစ်သည်စတဲ့ စစ်အုပ်စု ဝါဒဖြန့် ချန်နယ်တွေနဲ့ စစ်တပ်လော်ဘီအကောင့်တုတွေက ဖေဖော်ဝါရီလ နောက်ဆုံးပတ်နဲ့ မတ်လ ၄ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ ဖြန့်ဝေနေကြတာပါ။

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက လူငယ်တွေကိုဖမ်းဆီး ငွေညှစ် နေတာတွေဖြစ်ပွားနေပြီး ဖမ်းဆီးခံရတဲ့ လူငယ်တွေကို မော်လမြိုင်မြို့ မွန်ယဉ်ကျေးမှုပြတိုက် အနီးရှိ စစ်သားစုဆောင်းရေးစခန်းထံ ခေါ်ဆောင်သွားကာ ငွေပေးနိုင်သူတွေကိုတော့ ပြန်လွှတ် ပေးတာတွေ ရှိနေတယ်လို့ လွတ်လပ်သော သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရသိရပါတယ်။

မော်လမြိုင်မြို့အခြေစိုက် သံလွင်တိုင်းမ် သတင်းဌာနမှာ စစ်သားစုဆောင်းမှုအဖြစ် ဖမ်းဆီးခံရ ပြီးနောက် ငွေကြေးပေးဆောင်ပြီးမှ ပြန်လွတ်လာတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက် အရ လူငယ်တစ်ဦးကို အနည်းဆုံးကျပ် ၄ သိန်းကနေ သိန်းဆယ်နဲ့ချီတောင်းခံတာတွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ရေးသားဖော်ပြထားပါတယ်။ 

လွတ်လပ်တဲ့သတင်းဌာနတစ်ခုဖြစ်တဲ့ DVB မှာတော့ မော်လမြိုင်မြို့မှာ ညမထွက်ရအမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်းလို့ ထုတ်ပြန်ထားပေမယ့် စစ်မှုမထမ်းမနေရစနစ်ထုတ်ပြန်တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစပြီး ည ၉ နာရီနဲ့ ၁၀ နာရီကြားအချိန်မှာ ဖမ်းခံရတဲ့ လူငယ်အမျိုး သား ၅၀ ထက်နည်းရှိနေပြီး ကမ်းနားလမ်း၊တက္ကသိုလ်နားနဲ့ မြို့ပြရပ်ကွက်တွေမှာ ဖမ်းခံရတာ တွေ ပိုများတယ်လို့ မော်လမြိုင်ဒေသခံတွေကို မေးမြန်းပြီး ရေးသားထုတ်ဝေထားပါတယ်။ 

သံလွင်တိုင်းမ် သတင်းဌာန ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0Ahy5BF7kVJn2ziMqhQiLipTStznVw6eBybP6MJH7rEpiHM8CWKYKXV9ybXWqVXS7l&id=100077424451291&mibextid=Nif5oz&_rdc=1&_rdr

DVB သတင်းဌာန ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02tWKb9owS6ZnCtKaTbdS6RapBNm2wkJiPrue5AQqYXmTUm7KHMtXYbuTyxSuoaHFil&id=100064451569209&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.