March 5, 2024

ဆန္ဒပြမှုအရှိန်တိုးမြှင့်ဖို့ အိန္ဒိယလယ်သမားတွေ နယူးဒေလီကို ဝင်ရောက်ဖို့ စီစဉ်နေ

နယူးဒေလီ၊ မတ် ၆ အိန္ဒိယနိုင်ငံက ဆန္ဒပြလယ်သမားတွေဟာ မြို့တော် နယူးဒေလီမြို့ထဲကို ဘတ်စ်ကား ၊ရထားတွေနဲ့ ဝင်ရောက်ပြီး သူတို့ရဲ့ ဆန္ဒပြမှုကို အရှိန်တိုးမြှင့်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ လယ်ထွန်စက်တွေနဲ့ ပိတ်ဆို့ထားတဲ့ နယ်စပ်နေရာတွေမှာလည်း လယ်သမား အရေအတွက်ပိုများလာနေတယ်လို့ သိရပါတယ်။ လယ်သမားထောင်ပေါင်းများစွာဟာ ဒေလီသို့ချီတက်ကြစို့ (ဒေလီချာလို)ဆိုတဲ့ ခေါင်းစည်းတွေ နဲ့ ပြီးခဲ့တဲ့လက စတင်ချီတက်ခဲ့ကြပေမယ့် မြို့တော်ရဲ့…

ဂါဇာမှာ ကလေးငယ်တွေ အစာရေစာငတ်ပြတ် သေဆုံးမှုတွေ ရှိလာ

ဂါဇာ ၊ မတ် ၆ ဂါဇာကမ်းမြောင်ဒေသမှာ ကလေးငယ်တွေ အစာရေစာငတ်ပြတ်ပြီး သေဆုံးနေရတယ်လို့ သိရပြီး လူတွေဟာ ဆက်လက်အသက်ရှင်နိုင်ရေးအတွက် သစ်ရွက်တွေနဲ့ တိရိစ္ဆာန်အစား အစာတွေကို စားသုံးနေရတယ်လို့ ကုလသမဂ္ဂက အတည်ပြုထားပါတယ်။ မိသားစုထောင်ပေါင်းများစွာဟာ အစားအစာ ရှာဖွေရေး ခက်ခက်ခဲခဲကြိုးစားနေကြရပြီး ဂါဇာ မြောက်ပိုင်းက ကာမယ်အဒ်ဝင် ဆေးရုံမှာ ကလေးငယ် ၁၀ ဦး သေဆုံးသွားတာဖြစ်တယ်လို့ ကုလသမဂ္ဂက…

တော်လှန်ရေးတပ်တွေ ဖားဆောင်းကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ

ဖားဆောင်း – မတ် ၅ ကရင်နီပြည်နယ်၊ဘော်လခဲခရိုင် ဖားဆောင်းမြို့ကို တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး အာဏာသိမ်းစစ်ကောင်စီကတော့ အပြင်းအထန်ကာကွယ်နေရတယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဖားဆောင်းမြို့ကို စစ်ကြောင်းထိုးဝင်ရောက်ရာကနေ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ လက်ရှိမှာတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက် တိုက်ခိုက်နေတယ်လို့ KNDF…

မော်လမြိုင်မှာ ရဲနဲ့စစ်သားတွေက လူငယ်တွေကို ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းနေတဲ့ အပြင် ငွေညွှစ်နေတာတွေက သတင်းမှားဆိုပြီးဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာ ရဲနဲ့စစ်သားတွေက လူငယ်တွေကိုဖမ်းဆီးပြီး တပ်သားသစ်စု ဆောင်းနေတာအပြင် ငွေညှစ်နေတာတွေက သတင်းအမှားဖြစ်တယ်လို့ စစ်တပ်လော်ဘီတွေ ဖြန့်ဝေနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို MRTV၊ MWD၊Saw Ba Maung၊ ဟန်ငြိမ်းဦးနဲ့…

စစ်ကောင်စီကြောင့် ပအိုဝ်းမှာ ကလေးတွေအပါအဝင်အရပ်သား ၅၀ နီးပါးသေဆုံး

ဆီဆိုင် – မတ် ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းဒေသမှာ စစ်ကောင်စီကြောင့် အရပ်သား ၄၇ ဦးသေဆုံးခဲ့ရ တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၆ လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၅ နှစ်မှ ၁၀ နှစ်ကြားရှိ ကလေးတွေပါဝင်ပြီး သူတို့ဟာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ လက်နက်ကြီးတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့…

စစ်အုပ်ချုပ်ရေးကြေညာတဲ့ မြို့နယ်ပေါင်း ၆၁ မြို့နယ်အထိရှိလာ

မော်လမြိုင်၊ မတ် ၅ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ သုံးနှစ်ကျော်ကာလအတွင်း စစ်အုပ်ချုပ်ရေးကြေညာတဲ့ မြို့နယ်ပေါင်း ၆၁ မြို့နယ်အထိ ရှိလာတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုအရ ၂၀၂၁ ခုနှစ်မှာ ၈ မြို့နယ်၊ ၂၀၂၃ ခုနှစ်မှာ ၄၈ မြို့နယ်နဲ့ ၂၀၂၄ ခုနှစ်မှာ…

သရက်ချောင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး ၅ ဦးဒဏ်ရာရ

သရက်ချောင်း၊ မတ် ၅ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာ ထားဝယ်-မြိတ်ကားလမ်းမပေါ်ကို စစ်ကောင်စီရဲ့ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရီးသွားအမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ မတ် ၄ ရက်နေ့ ည ၄ နာရီအချိန်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စုံစင်ဖျားကျေးရွာဘက်ကို စစ်ကောင်စီက…

ပုဏ္ဏားကျွန်းမြို့ကို AA အပြီးသတ်သိမ်းပိုက်

ပုဏ္ဏားကျွန်း၊ မတ် ၅ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးတပ်စခန်းဖြစ်တဲ့ ခမရ-၅၅၀ တပ်ရင်းအား သိမ်းပိုက်ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေခံစစ်တွေနဲ့ အပြင်းအထန်ခုခံနေတဲ့ကြားကနေ မနေ့ မတ် ၄ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။…

စစ်အာဏာသိမ်း (၁၁၂၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၆၄၀) ဦးအထိရှိလာ

မော်လမြိုင်၊ မတ် ၅ AAPP ရဲ့ မတ် ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၂၈) ရက်အတွင်း ပြည်သူ (၄၆၄၀ ) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၂၂၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၆၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်မှုမထမ်းလိုတဲ့ လူငယ် ၄၀၀ ကျော် KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံ

မော်လမြိုင်၊ မတ် ၅ အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပ ဒေကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ် ၄၀၀ ကျော် KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာ သိမ်း…