February 26, 2024

ရုရှားကျူးကျော်စစ်မှာ ယူကရိန်းတပ်ဖွဲ့ဝင် သုံးသောင်းကျော် ကျဆုံး

ကိဗ်၊ ဖေဖော်ဝါရီ ၂၇ ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၃၁၀၀၀ ကျဆုံးခဲ့ရပြီး ရုရှားစစ်တပ်ရဲ့ အစီအစဉ်ရေးဆွဲမှုတွေကို အထောက်အကူဖြစ်စေနိုင်တဲ့အတွက် ဒဏ်ရာရရှိထားတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုမှာ မဟုတ်ဘူးလို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။ ထိခိုက်သေဆုံးမှု အရေအတွက်ကို ယူကရိန်းရာရှိတွေက လူသိရှင်ကြား ဖော်ပြတာမရှိဘဲ တခြား ခန့်မှန်းချက်တွေက ဇီလန်စကီးပြောတဲ့ အရေအတွက်ထက်တောင် ပိုများနေတယ်လို့ ဆိုထားတာပါ။ ယူကရိန်းကို ပေးပို့မယ့်…

ဆင်တွေကို ခိုင်းစေတာတွေမလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်တရားရုံး အမိန့်ထုတ်

ဒါကာ၊ ဖေဖော်ဝါရီ ၂၇ မျိုးတုန်းနိုင်တဲ့ အန္တရာယ်ကြီးကြီးမားမားကျရောက်နေတဲ့ ဆင်တွေကို မမွေးစားဖို့နဲ့ အသုံးချ ခိုင်းစေတာမျိုးတွေ မပြုလုပ်ရဘူးလို့ ဘင်္ဂလားဒေ့ရှ်တရားရုံးက အမိန့်ထုတ်ပြန် လိုက်ပါတယ်။ အာရှဆင်ပေါက်ကလေးတွေကို ဖမ်းဆီးအသုံးချ ခိုင်းစေမှု လိုင်စင်အားလုံး ရုတ်သိမ်းရေး အထက်တရားရုံးရဲ့ အမိန့်ကို တိရိစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြတာပါ။ ဘင်္ဂလားဒေ့ရှ်မှာ ဆင်တွေကို တောင်းရမ်းစားသောက်ရာမှာ၊ဆက်ကပ်တွေနဲ့ လမ်းဘေး ဖျော်ဖြေပွဲတွေမှာ အသုံးချ ခိုင်းစေမှုတွေရှိနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့…

စေတုတ္တရာမှာ စစ်ကောင်စီက အရပ်သားနေအိမ်တွေကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေ

စေတုတ္တရာ – ဖေဖော်ဝါရီ ၂၆ မကွေးတိုင်း၊စေတုတ္တရာမြို့နယ် လုံးကြီးကျေးရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့လို့ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး အိမ်ခြေ ၁၀၃ လုံးမီးလောင်ခဲ့ ကာ ပြည်သူတွေလည်း ရွာမှာမနေရဲတောဘဲ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ ပြည်သူပိုင်နေအိမ်တွေကို စေတုတ္တရာမြို့မရဲစခန်း၊စေတုတ္တရာ ကပစ ၂၀၊…

ထားဝယ်အရှေ့တောဒေသရှိ တပ်စခန်း နှစ်ခု တိုက်ခိုက်ခံရလို့ စစ်တပ် လေယာဉ်နဲ့ဗုံးကြဲ

ထားဝယ်၊ ဖေဖော်ဝါရီ ၂၆ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ကျောက်မဲတောင်စခန်းနဲ့ မေတ္တာမြို့ဗျူဟာကုန်းစခန်းတို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ပူးပေါင်းတပ်ဖွဲ့ထံက သိရပါတယ်။ အဲ့ဒီစခန်း နှစ်ခုကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဝကုန်းကျေးရွားအနီးက ၂၅ မိုင် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲဟာ ဒီနေ့…

ကောလင်းကို ပြန်သိမ်းယူနိုင်ဖို့ PDF တွေကြိုးပမ်းနေ

ကောလင်း – ဖေဖော်ဝါရီ ၂၆ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ကောလင်းမြို့ကို စစ်ကောင်စီက သာလွန်အင်အားနဲ့ သိမ်းယူလိုက်တဲ့အတွက် မြို့ကိုပြန်လည်သိမ်းယူနိုင်ရေး ကြိုးပမ်းနေတယ် လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က ကောလင်းမြို့ကို ပြန်လည် ထိန်းချုပ်ဖို့ စစ်ကြောင်း ၄ ကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအသုံးပြုပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ…

“တရားမဝင်နည်းနဲ့ရော၊ တရားဝင်နည်းနဲ့ရော ထိုင်းနိုင်ငံမှာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ အဲဒီ လောက် မကောင်းတဲ့အတွက် မလာပါနဲ့ဆိုတဲ့ စကားလုံးကိုသုံးဖို့လည်း အင်မတန်အခက်အခဲရှိပါတယ်။ ပြည်တွင်းမှာ အကျပ်တည်းတွေ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့အတွက် လူငယ်တွေအနေနဲ့ ပြည်ပကို ထွက်ခွာဖို့ အားသန်နေကြတယ်။ သို့သော်……”

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံက လူငယ်လူရွယ်တွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေကနေ အလုံးအရင်းနဲ့ ဝင်ရောက်တာတွေ ရှိနေပါတယ်။ အခုလို အခြေအနေကြောင့် ထိုင်း နိုင်ငံထဲ တရားမဝင်လမ်းကြောင်းတွေမှတဆင့် ဝင်ရောက်လာသူတွေကို အရေးယူသွားမယ်လို့ ထိုင်းဝန်ကြီး ချုပ်က သတိပေးပြောဆိုထားပါတယ်။ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းဘက်က အရေးယူဆောင်ရွက်သွားမယ့် အခြေ အနေတွေ၊ ဖမ်းဆီးခံရသူတွေကို နေရပ်ပြန်ပို့နိုင်လား။ ဘယ်လိုအကျိုးဆက်တွေ…

ညောင်လေးပင် စစ်တပ်လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦး သေဆုံး

ညောင်လေးပင်၊ ဖေဖော်ဝါရီ ၂၆ ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ် ကောက်မယ့်သူကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၂၆၄) ခြေလျင်တပ်ရင်းကနေ ကောက်မယ့်သူကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် စောခဲထူးနဲ့နော်စန်းစန်းမြင့်တို့…

နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ မလွှဲတောင်ဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှု ရှိနိုင်

ရေး၊ ဖေဖော်ဝါရီ ၂၆ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းနယ်စပ်ရှိ စစ်ကောင်စီရဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ်နဲ့ ခြေကုပ်စခန်းကုန်းတို့ကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆေးရေးဂိတ်နဲ့ခြေကုပ်စခန်းကုန်းတို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်ကနေ ၁၁ နာရီအချိန်အထိ ဒရုန်းနဲ့ဗုံး ၇ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုမှာ ဗုံးသီး ၂ လုံးဟာ…

ရမ်းဗြဲမှာ စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါး သေဆုံး

ရမ်းဗြဲ၊ ဖေဖော်ဝါရီ ၂၆ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကို စစ်ကူအဖြစ် ရဟတ်ယာဉ်နဲ့ လာချပေးသွားတဲ့အတွက် တပ်အင်အား ၁၂၀ နီးပါးရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရတာကြောင့် ထက်ဝက်ခန့် သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။ စစ်ကူပို့လွှတ်လာတဲ့ တပ်ရင်းတွေဟာ ဧရာဝတီတိုင်း ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းနဲ့ အမ်းမြို့အခြေစိုက် ခမရ…