February 24, 2024

“ဒီနေရာဆီလာတဲ့ လူငယ်တွေ တကယ်လို့များ တော်လှန်ရေးတပ်ဖွဲ့ထဲ ပါဝင်ထမ်းဆောင်ဖို့ စိတ်ဝင်စားတယ် ဆိုရင် ပါဝင်ထမ်းဆောင်လို့ ရပါတယ်။ တချို့လူငယ်တွေကျတော့ ပညာရေးမပြတ်သား‌သေးဘူး။ ပညာသင် ယူချင်တယ်ဆိုရင် ပညာရေးဆက်တက်နိုင်ဖို့အတွက် စီစဉ်ဖို့ စဉ်းစားနေပါတယ်”

အာဏာသိမ်းစစ်ကောင်စီက အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှု ထမ်းဥပဒေ ပြဌာန်းလိုက်မှုကြောင့် မွန်ပြည်နယ်ကနေ တိမ်းရှောင်လာတဲ့ လူငယ်တွေကို လုံခြုံရေးတာဝန်ယူ ပေးမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ကြေညာလိုက်ပါတယ်။ ဒါကြောင့် တိမ်းရှောင်လာတဲ့ လူငယ်တွေကို လုံခြုံရေးဆောင်ရွက်ပေးထားတဲ့ အစီအစဉ်၊ ဆက်သွယ်ဆောင် ရွက်ရမယ့် လုပ်ငန်းစဉ်တွေ၊ စစ်အာဏာရှင်ပြုတ်ကျရေး မွန်လူထုထံ တိုက်တွန်းမှုစတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC…

မေတ္တာမြို့ရဲစခန်းနဲ့ စစ်စခန်းတစ်ခုကို တော်လှန်ရေးတပ်တွေ မီးရှို့ဖျက်ဆီး

ထားဝယ်၊ ဖေဖော်ဝါရီ ၂၄ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသက မေတ္တာမြို့ရဲစခန်းနဲ့ ဟိန္ဒားကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းတို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာထွက်ပြေးသွားတဲ့ ဟိန္ဒားကျေးရွာရှိ စစ်ကောင်စီစခန်းကုန်းကို ဖေ ဖော်ဝါရီ ၂၂ ရက်နေ့၊ မေတ္တာမြို့ရဲစခန်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ…

မောင်တောမြို့ရှိ ရန်အောင်ပြင်ကင်းစခန်းကို AA အပြီးသတ်သိမ်းပိုက်

မောင်တော၊ ဖေဖော်ဝါရီ ၂၄ ရခိုင်ပြည်နယ် မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ ရန်အောင်ပြင်ကင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ လက်နက်ချ အညံ့မခံတဲ့ ရန်အောင်ပြင်ကင်းစန်းကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နေ့လည်…

မုပ္ပလင်ဂိတ် တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

ကျိုက်ထို၊ ဖေဖော်ဝါရီ ၂၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာရှိ မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော် တပ်စွဲနေထိုင်နေတဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နေ့လည်…

စစ်အာဏာသိမ်း (၁၁၁၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၈၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၄ AAPP ရဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၁၈) ရက်အတွင်း ပြည်သူ (၄၅၈၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၁၈၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၀၀၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်နယ်မှာ ပြည်သူတွေ စစ်မှုထမ်းဖို့ Non CDM ဝန်ထမ်းတွေ လိုက်လံနှိုးဆော်နေ

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၄ မွန်ပြည်နယ်ရှိ မြို့နယ်အများစုမှာ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေက ပြည်သူတွေ စစ်မှုထမ်းဆောင်ကြဖို့ အကြီးအကျယ် လိုက်လံနှိုးဆော်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်၊ ရဲ၊ မီးသတ်၊ စည်ပင်အပါအဝင်ဌာနဆိုင်ရာအများစုက ဝန် ထမ်းတွေဟာ ပြည်သူတွေ စစ်မှုထမ်းဖို့အတွက်ဆိုပြီး ဝါဒဖြန့်လက်ကမ်းစာစောင်တွေကို ပြီးခဲ့တဲ့…

အဆုံးသတ်တိုက်ပွဲအတွက် လမ်းများအားလုံး နေပြည်တော်ဆီ ဦးတည်နေပြီလား

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၄ အရေးမလှဖြစ်လာနေတဲ့ စစ်ကောင်စီက တပ်အင်အားဖြည့်ဖို့ စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် စစ်အာဏာရှင်စနစ်အဆုံးသတ်တိုက်ပွဲအတွက် လမ်းများအားလုံး နေပြည်တော်ဆီ ဦးတည်ဖို့ လူထုတွေ မျှော်လင့်နေကြပါတယ်။ အာဏာသိမ်းမှု သုံးနှစ်အတွင်း စစ်ကောင်စီတပ်ဟာ အင်အားပြုန်းတီးမှုနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကြောင့် မဆုတ်တမ်းခံစစ်စခန်းတွေကအစ တပ်ရင်းအလယ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အထိ လက်နက်ချအညံ့ခံမှုတွေဟာ စစ်ကောင်စီတပ်ကို အင်အားသာမက စိတ်ဓာတ်ပါ အရေးမလှဖြစ်စေခဲ့တာပါ။ ဒီအခြေအနေမှာ…

ထားဝယ်အရှေ့တောတိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ စစ်ရှောင်နေရ

ထားဝယ်၊ ဖေဖော်ဝါရီ ၂၄ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစလို့ ထားဝယ်အရှေ့တောဒေသထဲ တပ်အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA အပါအဝင် PDF ပူးပေါင်းတပ်တို့ နေ့စဉ်ရက်ဆက်…

ကံပေါက်မှာ CDM ဆရာမတွေအပါအဝင် ဒေသခံ ၁၄ ဦးဖမ်းဆီးခံရ

ရေဖြူ၊ ဖေဖော်ဝါရီ ၂၄ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ သုံးပတ်အ တွင်း CDM ဆရာမတွေအပါအဝင် ဒေသခံအရပ်သားပြည်သူ ၁၄ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဖေဖော်ဝါရီပထမအပတ်အတွင်းမှာ ကံပေါက်ဒေသခံ CDM ဆရာမ ဒေါ်ကေဂျာဦး ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…