မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ရခိုင်ပြည်နယ်၊ မအီ-တောင်ကုတ်တံတားကို ရက္ခိုင့်တပ်တော် AA က ဖျက်ဆီးခဲ့တယ်ဆိုပြီး စစ်တပ်လော်ဘီအကောင့်တွေက ဖြန့်ဝေနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို Kyaw Swar၊ Saw Ba Maung နဲ့ ဟန်ငြိမ်းဦးစတဲ့ စစ်အုပ်စု ဝါဒဖြန့်အကောင့် တွေကနေ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဓာတ်ပုံနဲ့တကွ စတင်ဖြန့်ဝေလာတာပါ။

လွတ်လပ်တဲ့ သတင်းဌာနတွေမှာတော့ ဒီတံတားကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာလို့ ရေးသားဖော်ပြထားပါတယ်။ 

ဒေသခံတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး DVB သတင်းဌာနက ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ မအီမြို့က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ရင်းတွေဟာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို ရွှေ့ပြောင်းသွားပြီးနောက် ဒေသခံ တွေ လမ်းပန်းဆက်သွယ်ရေး လုပ်လို့မရနိုင်အောင် တံတား ၂ စင်းကို ရည်ရွယ်ချက်ရှိရှိ မိုင်းခွဲ ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

RFA သတင်းဌာနမှာတော့ တောင်ကုတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေက မအီမြို့ဘက် ကို လက်နက်ကြီးတွေနဲ့ အချက် ၂၀ နီးပါး ပစ်ခတ်ခဲ့တဲ့အတွက် မအီမြို့က ဒေသခံ နေအိမ်တွေ ပျက်စီးမှုရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

DVBသတင်းဌာန ဖော်ပြထားတဲ့ သတင်း

https://www.dvb.no/post/639005?fbclid=IwAR1WsVSiitL1DUFfM34ntqKZnBmIr4-I6-1Hq8uwQRjqBP8iyol4v4Jq5Ns

RFAသတင်းဌာန ဖော်ပြထားတဲ့သတင်း

https://www.rfa.org/burmese/news/ma-ei-bridges-destroyed-mines-02172024000607.html?fbclid=IwAR2MbCtacvjAMPl9PucMhe6CB2IH1nTpo6siGzAPtN7u_T2FEtlxw_zxD4Y

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.