February 20, 2024

ဩစတြေးလျက ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးရေတပ် တည်ဆောက်မယ်

ကန်ဘာရာ ၊ ဖေဖော်ဝါရီ ၂၁ အာရှ-ပစိဖိတ်လက်နက်ယှဉ်ပြိုင်မှုတွေရင်ဆိုင်နေရချိန်မှာ ဩစတြေးလျက သူတို့ရဲ့အဓိက စစ်သင်္ဘောတွေပါဝင်တဲ့ ရေယာဉ်အုပ်စုကို ၂ ဆ တိုးမြှင့်ရေးနဲ့ စစ်အသုံးစရိတ်ကို နောက်ထပ် အမေရိကန်ဒေါ်လာ ၇ ဘီလျံ တိုးမြှင့်ရေး အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီအစီအစဉ်အရ ဩစတြေးလျဟာ လက်ရှိ ၁၁ စီးရှိတဲ့ ရေပြင်တိုက်ခိုက်ရေး သင်္ဘောအရေ အတွက်ကို ၂၆ စီးအထိရှိလာအောင်…

ရုရှားသမ္မတ ပူတင်က ကင်ဂျုံအန်ကို ကားတစ်စီး လက်ဆောင်ပေး

မော်စကို ၊ ဖေဖော်ဝါရီ ၂၁ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို သူ့ရဲ့ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုဖို့ ပူတင်က ရုရှားနိုင်ငံထုတ်ကား တစ်စီးလက်ဆောင်ပေးခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရုရှားထုတ်ကားတစ်စီးအား ကင်ဂျုံအန်ရဲ့ လက်ထောက် အရာရှိတွေကို ပေးဆောင်ပေးခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီလက်ဆောင်ဟာ နှစ်နိုင်ငံခေါင်းဆောင်တွေကြား ပုဂ္ဂိုလ်ရေးအရ အထူးဆက်ဆံရေးတစ်ရပ်ကို ဖော်ပြနေတာဖြစ်တယ်လို့ အဲဒီသတင်းမှာဖော်ပြထားပေမယ့် ဘယ်လိုကားအမျိုးအစားဖြစ်တယ်…

စစ်တပ်ဂိတ်တွေငွေတောင်းကြမ်းနေလို့ပွင့်ဖြူက စျေးသည်တွေအခက်တွေ့နေရ

ပွင့်ဖြူ – ဖေဖော်ဝါရီ ၂၀ မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ ငွေတောင်းကြမ်းနေတာ ကြောင့် ဒေသတွင်းက စျေးတွေကို စျေးလာရောင်းကျတဲ့ စျေးသည်တွေနည်းပါးသွား တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကြောင့် ပွင့်ဖြူမြို့နယ် ရှောက်တော ကျေးရွာစျေးကို စျေးရောင်းလာကြတဲ့ စျေးသည်တွေ နည်းပါးသွားရတာပါ။ မနက်စောစောစျေးလာရောင်းတဲ့ စျေးသည်တွေရဲ့ ဆိုင်ကယ်တွေကို ဆင်းတွန်းခိုင်းတာ၊ ကုန်ပစ္စည်းတွေကိုတောင်းရမ်းတာနဲ့ ပိုက်ဆံတောင်းတာတွေကြောင့်…

မွန်‌လူမျိုးတွေ တော်လှန်ရဲမှ လွတ်မြောက်မည် ကြွေးကြော်သံပါ စာတန်းနဲ့ ကမ်းပိန်းလုပ်ဖို့ NRFF နှိုးဆော်

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၀ လာမယ့် ၇၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆိုတဲ့အနေနဲ့ လွတ်လပ်ပြီး ဖိနှိပ်မှုကင်းတဲ့ မွန်အမျိုးသားနေ့ဖြစ်လာဖို့ တော်လှန်ရဲမှ လွတ်‌မြောက်မည်ဆိုတဲ့ ကြွေးကြော်သံ စာတန်းနဲ့ ကမ်းပိန်းလုပ်ဖို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က နှိုး‌ဆော်ပါတယ်။ နှိုး‌‌ဆော်စာအရ အာဏာရှင်တွေဖိနှိပ်မှုအောက်က ကျင်းပနေရတဲ့ မွန်အမျိုးသားနေ့အခမ်းအနားကို အဆုံးသတ်နိုင်ဖို့နဲ့ လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိတဲ့ မွန်အမျိုးသားနေ့အခမ်းအနားတွေ ဆက်ပြီးကျင်းပနိုင်ဖို့…

ချောင်းဆုံမှာ မီးလောင်မှုကြောင့် နေအိမ် ၁၅ လုံး မီးလောင်ပျက်စီး

ချောင်းဆုံ၊ ဖေဖော်ဝါရီ ၂၀ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မီးလောင်မှုဟာ မုဒွန်းကျေးရွာ အမှတ် (၁၂) ရပ်ကွက်နေ ဒေါ်အေးဝင်း နေအိမ်မှာ ဆိုလာပြားနဲ့ ဘတ္ထရီအိုးအားသွင်းထားရမှ…

မအီ-တောင်ကုတ်တံတားကို ရက္ခိုင့်တပ်တော် AA ဖျက်ဆီးတယ်လို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ရခိုင်ပြည်နယ်၊ မအီ-တောင်ကုတ်တံတားကို ရက္ခိုင့်တပ်တော် AA က ဖျက်ဆီးခဲ့တယ်ဆိုပြီး စစ်တပ်လော်ဘီအကောင့်တွေက ဖြန့်ဝေနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို Kyaw Swar၊ Saw Ba Maung နဲ့…

ဆီဆိုင်မှာ လက်နက်ကြီးနဲ့တိုက်ခိုက်ခံရလို့ အရပ်သား ၇ ဦး သေဆုံး

ဆီဆိုင်၊ ဖေဖော်ဝါရီ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အနီးမှာ ဒေသခံတွေရဲ့ကားတစ်စီး လက်နက်ကြီးနဲ့တိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၇ ဦး သေဆုံးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO/PNLA က ထုတ်ပြန်ပါတယ်။ မနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်က ဆီဆိုင်မြို့မှာ ပစ္စည်းသယ်ဖို့ပြန်လာတဲ့ ကားတစ်စီးကို စစ်ကောင်စီတပ်က ဝါးတောရွာအနီးအရောက်မှာ လက်နက်ကြီးတွေအပြင် ဒရုန်းတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာ…

ရေးမြို့နယ် ခံသင်းတံတားဂိတ် တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးနိုင်

ရေး ၊ ဖေဖော်ဝါရီ ၂၀ မွန်ပြည်နယ် ရေးမြို့နယ် စုံနံ့သာနဲ့နှင်းစုံကျေးရွာကြားမှာရှိတဲ့ ခံသင်းတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံ ရ တာကြောင့် စစ်ကောင်စီပူးပေါင်းအဖွဲ့ဝင် ၄ ဦး ထိခိုက်သေဆုံးနိုင်တယ်လို့ ရေးဘီလူးအဖွဲ့ထံက သိရ ပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့အင်အား ၁၅ ဦးနီးပါး တပ်စွဲထားတဲ့ ခံသင်းတံတားဂိတ်ကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၇…

မောင်တောဒေသရှိ ပဲရမ်းတောင်စခန်းကို AA သိမ်းပိုက်

မောင်တော၊ ဖေဖော်ဝါရီ ၂၀ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ပဲရမ်းတောင်စခန်းကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။ ပဲရမ်းတောင်စခန်းကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၉ နာရီအကြာ…

တရားမဝင်လာရောက်တဲ့မြန်မာနိုင်ငံသားတွေကို အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ် သတိပေး

ဘန်ကောက် – ဖေဖော်ဝါရီ ၂၀ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေအတိုင်း အရေးယူ သွားမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရီထာ သာဗီဆင်က သတိပေးလိုက်ပါတယ်။ မြန်မာအာဏာသိမ်းစစ်ကောင်စီက လာမယ့် ဧပြီလက စပြီးလူငယ်တွေကို စစ်မှုထမ်းရမယ်လို့ ကြေညာလိုက်ပြီးနောက် ထိုင်းနိုင်ငံထဲလာရောက်ဖို့ ဗီဇာလျှောက်ထားသူ မြန်မာနိုင်ငံသား အရေ အတွက် သိသိသာသာ ပိုများနေချိန်မှာသူက အခုလိုသတိပေးခဲ့တာပါ။ နိုင်ငံထဲကို…