မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် စစ်မှုထမ်းဥပဒေထုတ်ပြန်ရတာဖြစ်ပြီး အသက် ၁၈ နှစ် ပြည်ပြီးသူတို့ စစ်မှုမထမ်း မနေရထုတ်ပြန်လိုက်တဲ့ စစ်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လူငယ်တွေက နောက်မတွန့်ဘဲ စစ်မှုထမ်းချင်ကြတယ်ဆိုပြီး စစ်ကောင်စီပြန်ကြားရေး ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောထားတဲ့ ရုပ်သံကို တပ်လော်ဘီတွေဖြန့်ဝေနေတာနဲ့ ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ 

ဒီအကြောင်းကို Kyaw Swar ၊ Saw Ba Maung နဲ့ မှိုင်းဝေစတဲ့ စစ်တပ်လော်ဘီအကောင့်တုတွေ က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

စစ်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိနေပြီး ဒီဥပဒေဟာ စစ်မှန် မှန်ကန်တဲ့ အစိုးရတရပ်အောက်မှာ ပြဿနာမရှိပေမယ့် အခုလို အာဏာသိမ်းစစ်အစိုးရလက်အောက်မှာတော့ ဥပဒေအကာအကွယ်တွေမရှိမှာကို စိုးရိမ်နေ ကြတယ်လို့ ပြည်သူတွေက VOA သတင်းဌာနကို ပြောထားကြပါတယ်။

NUG ရန်ကုန်တိုင်းစစ်ဌာနကတော့ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း တပ်ရင်း/တပ်ဖွဲ့တွေ မှာ တာဝန်ထမ်းဆောင်ဖို့အတွက် တပ်သားသစ်ခေါ်ယူတဲ့ လျှောက်လွှာတွေ ၄၈ နာရီအတွင်း မျှော်မှန်းအရေအတွက် ပြည့်မီလုနီးပါးရှိနေပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။ 

Myanmar Now သတင်းဌာနမှာတော့ အိမ်တံခါးဝရောက်လာတဲ့ စစ်မှုထမ်းဥပဒေ၊ စစ်မှုထမ်း ဥပဒေက အိမ်တိုင်းကို တံခါးခေါက်လိုက်ချိန်တွင် ဝမ်းသာအားရ ကြိုဆိုသူမရှိဘဲ ခါးခါးသီးသီး ဖြစ်သွားကြသည်ကို တွေ့ရသည်။ ဆိုတဲ့ စစ်မှုထမ်းဥပဒနဲ့ပတ်သက်ပြီး ဆောင်းပါးဖော်ပြထားပါ တယ်။ 

VOAသတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://burmese.voanews.com/a/sac-mandatory-millitary-service-law-myanmar-2024/7485146.html?fbclid=IwAR06CK30qHB-uGye4EQSKM-6pKxDFcfOyYszrTmNcDMK72GyilVMUjgGi-M

NUG ရန်ကုန်တိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်

https://mobile.facebook.com/story.php?story_fbid=pfbid02AZ14kEFrTpRzfvFTMjLCYSFomTBVZUBXDuChQPVwVznxZ4gBuiGVPGd6Q1nHwFicl&id=100092171547446&mibextid=Nif5oz&_rdc=1&_rdr

MYANMAR NOWသတင်းဌာနကဖော်ပြထားတဲ့ ဆောင်းပါး

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.