February 17, 2024

ဂါဇာဒေသခံတွေ နှင်ထုတ်မှုမှာ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက် အီဂျစ် ပယ်ချ

ကိုင်ရို၊ ဖေဖော်ဝါရီ ၁၈ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းသားတွေကို ဆိုင်းနိုင်းကျွန်းစွယ်ဒေသကို နှင်ထုတ်မှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပယ်ချတယ်လို့ အီဂျစ်အစိုးရ သတင်းအချက်အလက်ဌာန SIS က ပြောပါတယ်။ ရာဖာမြို့ကို အစ္စရေးဘက်က ထိုးစစ်ဆင်လာပါက ပါလက်စတိုင်းသားတွေ အစုလိုက်အပြုံ လိုက်ဝင်ရောက်လာနိုင်တာကြောင့် အီဂျစ်က ကြိုတင်သတိထားတဲ့အနေနဲ့ ဂါဇာနယ်စပ်က ဒေသတစ်ခုမှာ သူတို့ကို နေရာချထားပေးနိုင်အောင် စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တွေက…

နော်ဝေနယ်စပ်မှာ ရုရှားကလေးတွေကို သေနတ်ပစ်သင်ပေးနေ

မာမန့်စ် အိုဘလက်စ်၊ ဖေဖော်ဝါရီ ၁၈ နော်ဝေနယ်စပ် ၇ ကီလိုမီတာ အကွာမှာရှိတဲ့ မာမန့်စ် အိုဘလက်စ်မြို့ ပီချီနီဂါရွာမှာရှိတဲ့ ရုရှားကလေးငယ်တွေကို ရိုင်ဖယ်သေနတ်ပစ်တက်အောင်နဲ့ ကိုယ်ရောင်ဖျောက်ပိုက်ကွန်ရက် တက်အောင် လေ့ကျင့်သင်ကြားပေးတယ်လို့ သိရပါတယ်။ လူမှုကွန်ရက် တွစ်တာပေါ်ကိုရောက်လာတဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တွေမှာ ရုရှားကလေးတွေဟာ တိုက်ခိုက်ရေးရိုင်ဖယ်အစစ်တွေ၊ပုံစံတူ သေနတ်တွေနဲ့ လေ့ကျင့်နေကြသလို မိန်းကလေးငယ် တစ်ဦးဟာလည်း ကိုယ်ရောင်ဖျောက်ပိုက်ကွန်ရက်လုပ်နေတယ်လို့ တွေ့ရပါတယ်။ ဒီဓာတ်ပုံတွေနဲ့…

စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ အမြန်ဖွဲ့စည်းဖို့ စစ်ကောင်စီဖိအားပေး

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၈ စစ်ကောင်စီဟာ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် သက်ဆိုင်ရာခရိုင်နဲ့မြို့နယ်အပါအဝင် ရပ်ကျေးအဆင့်အထိ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ အမြန်ဖွဲ့စည်းဖို့ ဖိအားပေးလာပါတယ်။ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့အစည်းအဝေးကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီအစည်းဝေးမှာ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်း…

ခွဲထွက်အဖွဲ့နဲ့ ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမယ်လို့ မွန်ပြည်သစ်ပါတီပြော

ရေးချောင်းဖျား ၊ ဖေဖော်ဝါရီ ၁၇ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းထားတဲ့ မွန်ပြည်သစ်ပါတီ AD အဖွဲ့အနေနဲ့ မိခင်ပါတီထံ ပြန်လာနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီက အသိပေးကြေညာပါတယ်။ ပြီးခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံမှာ စစ်ကောင်စီနဲ့ အဆက်သွယ်မဖြတ်ဘဲ ဆက်လက် ဆက်ဆံနေသင့်တယ်ဆိုတဲ့ဘက်က အားသာသွားတာကြောင့် မွန်ပြည်သစ် AD အဖွဲ့က ဖေဖော်ဝါရီ…

တနင်္သာရီမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၂ ဦး သေဆုံး ၂ ဦး ဒဏ်ရာရ

တနင်္သာရီ၊ ဖေဖော်ဝါရီ ၁၈ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်နဲ့သရက်ချောင်းမြို့နယ်တို့မှာ အခုရက်ပိုင်းအတွင်း မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် အရပ်သား၂ ဦး သေဆုံးပြီး၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က တနင်္သာရီမြို့နယ် မြို့ဟောင်းရွာနေ အဒေါ်ဖြစ်သူထံအလည်သွားတဲ့ အောက်ကင်းရွာသား အသက် ၂၄ နှစ်အရွယ် ကိုနေဇော်ဦးဟာ အမှတ်(၃၀၆) အမြောက်…

စစ်ကြောင်းဝင်လာလို့ ရေးကျုံလောင်းဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးနေရ

ရေး၊ ဖေဖော်ဝါရီ ၁၈ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ နေ့စဉ်ရက်ဆက် လက်နက် ကြီး ပစ်ခတ်တာအပြင် ကျေးရွာအနီးပတ်ဝန်းကျင်မှာ စစ်ကြောင်းလှည့်နေတာကြောင့် ရွာလုံး ကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကစလို့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျုံလောင်းကျေးရွာထဲကို နေ့တိုင်းနီးပါး လက်နက်ကြီးပစ်ခတ်မှုတွေ…

သံလွင်မြစ်ရှေ့ဘက်ကမ်းက စစ်ကာင်စီတပ်စခန်း ၂ ခုစွန့်ခွာထွက်ပြေး

လွိုင်ကော် – ဖေဖော်ဝါရီ ၁၇ ကရင်နီပြည်နယ်၊ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဘက်ကမ်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်စခန်း ၂ ခုကို စခန်းစွန့်ခွာသွားကြတယ်လို့ ကရင်အမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်ထားပါတယ်။ ရှားတောမြို့ကို တော်လှန်ရေးတပ်တွေသိမ်းပိုက်ပြီးနောက်တစ်ရက်မှာပဲ စစ်ကောင်စီရဲ့ ဟွေအွန်တပ်စခန်းနဲ့ ကျားပါစပ်ကြီး တပ်စခန်းတို့ကို စွန့်ခွာသွားကြတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရဟတ်ယာဉ်တွေနဲ့…

ပြည်သူ့စစ်မှုထမ်းဥပဒေကို လူငယ်တွေက နောက်မတွန့်ဘဲ စစ်မှုထမ်းချင်ကြတယ်ဆိုပြီး စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် စစ်မှုထမ်းဥပဒေထုတ်ပြန်ရတာဖြစ်ပြီး အသက် ၁၈ နှစ် ပြည်ပြီးသူတို့ စစ်မှုမထမ်း မနေရထုတ်ပြန်လိုက်တဲ့ စစ်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လူငယ်တွေက နောက်မတွန့်ဘဲ စစ်မှုထမ်းချင်ကြတယ်ဆိုပြီး စစ်ကောင်စီပြန်ကြားရေး ခေါင်းဆောင်…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၁ ဦးဒဏ်ရာရ

ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၇ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် ဒရုန်းအ သုံးပြု ပစ်ခတ်မှုတွေကြောင့် ဒေသခံအမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်က ဝေါမြို့နယ် လက်ပံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ…

ရွှေကျင်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးတယ်လို့ KNU ထုတ်ပြန်

ရွှေကျင်၊ ဖေဖော်ဝါရီ ၁၇ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး KNLA ဘက်ကလည်း ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ကနေ…