မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကိုဖမ်းဆီးပြီး အချုပ်ခန်းထဲမှာ အစုလိုက်အပြုံလိုက်မသေမချင်းပစ်သတ်အလောင်းဖျက်ခဲ့တဲ့ ဖြစ်စဉ်မှာ သေဆုံးသူတွေဟာ လက်နက်ကြီးထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ စစ်တပ်လော်ဘီတွေ သတင်း မှားဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာပါ။

ဒီအကြောင်းကို နေပြည်တော်၊ဟန်ငြိမ်းဦး၊ Saw Ba Maung နဲ့ မှိုင်းဝေစတဲ့ စစ်တပ်ထောက်ခံတဲ့ အကောင့်တုတွေက ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့ ဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ သတင်းထောက်ဟောင်းဖြစ်တဲ့ ကိုဖိုးသီးဟအပါအဝင် အရပ်သား ၉ ဦးကို မြောက်ဦး အခြေစိုက် စစ်ကောင်စီ ခမရ ၃၇၈ တပ်ရင်းအချုပ်ခန်းထဲမှာ မသေမချင်း သေနတ်နဲ့ ပစ်သတ် ခဲ့ပြီး အလောင်းတွေကို မြောက်ဦးမြို့ ဆေးရုံအနီးက ဗုံးခိုကျင်းထဲမြှုပ်ကာ အလောင်း ဖျောက်ဖျက်ခဲ့ကြတယ်လို့ ရခိုင်ဒေသတွင်းမီဒီယာတွေနဲ့ ရက္ခိုင့်တပ်တော် AA တို့က အသိပေး ထုတ်ပြန်ထားပါတယ်။

ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Western News-WN က သူတို့တွေကို NUG/CRPH တို့နဲ့ ဆက်စပ်တယ်လို့ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့တွေက မြောက်ဦးမြို့တောင်ရပ်၊ ကန်လှနဲ့ တံတားဦးအနားမှာရှိတဲ့ ဦးကျော်ဇံဝေ (ခ) ရင်ဆို့ နေအိမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

နိရဥ္စရာ သတင်းဌာနကလည်း ရခိုင်မှ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုရင်ဆို့၊ကိုဖိုးသီဟ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၉ ဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွား တယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

ရက္ခိုင့်တပ်တော် AA ရဲ့သတင်းထုတ်ပြန်ချက်

https://t.me/aainfodesk/513?fbclid=IwAR28OuGyiqxOyD-mfd6TCmN2JNBN8whliwoxyP6HMdKPk1nx8VNcDVkBaIk

https://t.me/aainfodesk/514?fbclid=IwAR156cwa-K1h0IuLp56A-ki79WGj6vTrP0N5XIm9DLCatrdemufV6TBFwos

Western News-WN သတင်းဌာနဖော်ပြထားတဲ့ သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0fBefQH6bKn3AaMZnhi3zZ8hxr7P5Jqt4D1HfAXhRrnJFngL5EjE6TNTj5v9ud6Bgl&id=100063883071441&mibextid=Nif5oz&_rdc=1&_rdr

နိရဉ္စရာ သတင်းဌာနဖော်ပြထားတဲ့ သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0RDCh3WrBjWGWPW4HN4wTajjXY7UswbWUS59oGcjejS7NdSSp8BnoM4D5uscoGPWsl&id=100064714144852&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.