မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က စစ်ကောင်စီနဲ့ဆွေးနွေးမယ့်အစီအစဉ်ကို ပြည်သူ တွေထောက်ခံပေးဖို့ ပြောတယ်ဆိုပြီး စစ်တပ်လော်ဘီအကောင့်တွေက သတင်းမှားဖြန့်နေတာကို စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို Myanmar National Post၊Saw Ba Maung နဲ့ ဟန်ငြိမ်းဦးအစရှိတဲ့ စစ်တပ် အားပေး တယ်လီဂရမ်အကောင့်တုတွေက ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့ စတင် ဖြန့်ချီလာတာပါ။

စစ်တပ်ထောက်ခံသူတွေဟာ သူ့ရဲ့ဓာတ်ပုံကိုအသုံးပြုပြီး ရေးသားဖြန့်ဝေနေတာဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က လူမှုကွန်ရက်စာမျက်နှာကနေ တုံ့ပြန်ထားပါ တယ်။

ဒါ့အပြင် စစ်တပ်ထောက်ခံသူတွေအသုံးပြုနေတဲ့ ဓာတ်ပုံတွေဟာ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ချိန်က NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ပုံကို NUG Radio နဲ့  Public Voice Television သတင်း ဌာနတို့မှာ ဖော်ပြထားတဲ့ ပုံတွေဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်တွေ့ရှိထားပါတယ်။ 

 NUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်(Zin Mar Aung)ရဲ့ လူမှုကွန်ရက်အကောင့် 

https://mobile.facebook.com/story.php?story_fbid=pfbid038PdBmhSiPM1NyhA6zCtPjyzJEYUWqV5sRxwZBtEzp3SeqUuQaYJgu69iKkwBjhj3l&id=100044569863551&mibextid=2JQ9oc&_rdc=1&_rdr

 NUG Radio သတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://web.facebook.com/100071781816349/posts/pfbid02FYd8TphMnHQWUsWGDoUkTeB19XSYSCXyb5EuPTDHs6wP7UWE9ePPTRRNshMZhMrkl/?mibextid=2JQ9oc&_rdc=1&_rdr

Public Voice Televisionသတင်းဌာနကဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02hpYPZ5uc6EK4rpmqUBzSqQGVkrS4Yb7ruunpwsjtBhC9hAhwkAZSS48DPgvzwNszl&id=100066477263515&mibextid=2JQ9oc&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.