February 13, 2024

အစ္စရေးကို F-35 လေယာဉ်အစိတ်အပိုင်းတွေ မပေးဖို့ နယ်သာလန်တရားရုံးအမိန့်ထုတ်

သည်ဟေ့ဂ် ၊ ဖေဖော်ဝါရီ ၁၄ ဂါဇာမှာ အစ္စရေးရဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေး ဥပဒေချိုးဖောက်မှုတွေမှာ F-35 တိုက်လေယာဉ်တွေ အသုံးပြုနိုင်တဲ့အန္တရာယ်ရှိနေတာကြောင့် အစ္စရေးကို အဲဒီလေယာဉ် အမျိုးအစားအစိတ်အပိုင်းတွေ မပေးပို့ရေး နယ်သာလန်တရားရုံးက အမိန့်ထုတ်ပြန်လိုက်ပါ တယ်။ ဟားမတ်စ်အဖွဲ့ကိုအစ္စရေးက တိုက်ခိုက်ရာမှာ ဒီလေယာဉ်တွေအသုံးပြုပြီး ဥပဒေချိုးဖောက်နေ တာကြောင့် နယ်သာလန်အစိုးရအနေနဲ့ လေယာဉ်အစိတ်အပိုင်းတွေပေးပို့နေတာဟာ ဥပဒေ ချိုးဖောက်ရေးကူညီရာရောက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုခဲ့ပြီးနောက် သည်ဟေ့ဂ်အခြေစိုက်…

နိုင်ငံထဲဝင်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မကြာခင်ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ချ်ပြော

ဒါကာ ၊ ဖေဖော်ဝါရီ ၁၄ ဘင်္ဂလားဒေ့ချ်နိုင်ငံထဲကို ထွက်ပြေးလာကြတဲ့ စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေကို မကြာခင်မြန်မာနိုင်ငံထံပြန်လည်ပို့ဆောင်သွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က ပြောပါတယ်။ သူတို့ကိုပြန်ပို့ဖို့ ဦးစားပေးဆောင်ရွက်နေပြီး မကြာခင်ပြန်ပို့ဖို့ မြန်မာနဲ့ဘင်္ဂလားဒေ့ချ်နှစ်ဖက်လုံးက သဘောတူထားပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ သူက ပြောခဲ့တာပါ။ မြန်မာဘက်က သူတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်ပို့ပေးဖို့တောင်းဆိုထားပြီး မိမိတို့က ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်နေတယ်လို့ပြောခဲ့သလို လုံခြုံရေးဆိုင်ရာ…

ကာစီနိုလောင်းကစားတွေနဲ့ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်သွားမယ်လို့ KNU ထုတ်ပြန်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃ မြန်မာနိုင်ငံမှာ အမြစ်တွယ်ပေါက်ဖွားလာတဲ့ တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းတွေနဲ့ ငွေလိမ်ဂိုဏ်းတွေကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကရင်ပြည်နယ် နယ်စပ်တစ်လျှောက်ရှိ ငွေလိမ်ဂိုဏ်းနဲ့ တရားမဝင် ကာစီနိုလောင်းကစား လုပ်ငန်းတွေအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှု၊ တိုက်ဖျက်လိုမှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ရပ်တည်ချက်ကို ဖေဖော်ဝါရီ ၁၃…

NUG ဝန်ကြီးဒေါ်ဇင်မာအောင်ရဲ့ပုံကိုအသုံးပြုပြီး စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က စစ်ကောင်စီနဲ့ဆွေးနွေးမယ့်အစီအစဉ်ကို ပြည်သူ တွေထောက်ခံပေးဖို့ ပြောတယ်ဆိုပြီး စစ်တပ်လော်ဘီအကောင့်တွေက သတင်းမှားဖြန့်နေတာကို စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို Myanmar National Post၊Saw Ba Maung…

ပျူစောထီးကျေးရွာကို ပြည်သူနဲ့ပူးပေါင်းဖို့ စည်းရုံးတဲ့ ဦးဇင်းတပါး အသတ်ခံရ

ဂန့်ဂေါ – ဖေဖော်ဝါရီ ၁၃ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်က ပျူစောထီးကျေးရွာကို အလံဖြူထောင်ပြီး ပြည်သူနဲ့ပူးပေါင်းဖို့ စည်းရုံးခဲ့တဲ့ ဆရာတော်တစ်ပါးကို ပျူစောထီးတွေက သတ်ဖြတ်ပစ်လိုက်တယ်လို့ ဒေသခံတွေ က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဟံသာဝတီကျေးရွာက ဦးပညာဝရ (ခ) ဦးဇင်းကျော်လွှား ကို သတ်ဖြတ်ပြီးနောက် ဟံသာဝတီကျေးရွာကို ပြန်ပို့လိုက်တာပါ။ ကျေးရွာအတွင်း စားနပ်ရိက္ခာနဲ့ လူသုံးကုန်…

ရေဖြူမှာ သိန်းပေါင်းတစ်သောင်းနီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိ

ရေဖြူ၊ ဖေဖော်ဝါရီ ၁၃ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ရေး-ထားဝယ်လမ်းပိုင်းမှာ ကုန်ပစ္စည်းတွေ တင် ဆောင်လာတဲ့ ကားပေါ်မှ မူးယစ်ဆေးဝါး အလုံး ၃ သိန်းနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတော် လှန်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ရေး-ထားဝယ်လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေချိန် ထားဝယ်ဘက်သို့ ကုန်ပစ္စည်းတင်ဆောင်လာတဲ့…

ဘီးလင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၉ လုံး ပျက်စီး

ဘီးလင်း၊ ဖေဖော်ဝါရီ ၁၃ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၉ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီ ဝင်းတာပန်စခန်းကို က ရင်အမျိုးသားကာကွယ်ရေးတပ် KNDO နဲ့…

ရခိုင်မှာ စစ်သင်္ဘောတစ်စီး AA တိုက်ခိုက်မှုကြောင့် ထပ်မံနစ်မြှုပ်ပျက်စီး

မင်းပြား၊ ဖေဖော်ဝါရီ ၁၃ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းမှာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်ကောင်စီ စစ်သင်္ဘောတစ်စီးဟာ ရက္ခိုင့်တပ်တော် AA တိုက်ခိုက်မှုကြောင့် ထပ်မံနစ်မြှုပ်ပျက်စီးသွားတယ်လို့ ညီနောင်မ ဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ရက္ခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တို့မှာလည်း စစ်ကောင်စီရဲ့ စစ်ရေယာဉ်အပါအဝင် စစ်သင်္ဘော…

စစ်အာဏာသိမ်း (၁၁၀၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၁၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃ AAPP ရဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၁၁၀၇) ရက်အတွင်း ပြည်သူ (၄၅၁၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၀၅၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၆၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်မှုထမ်းဥပဒေ အသက်သွင်းမှုကြောင့် တစ်ပြည်လုံး ဝရုန်းသုန်းကားဖြစ်လာနိုင်

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၃ နိုင်ငံအနှံ့စစ်ရှုံးနေတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းမှုကြောင့် ဘက်ပေါင်းစုံ အကျပ်အတည်းတွေနဲ့အတူ တစ်နိုင်ငံလုံး ဝရုန်းသုန်းကား အခြေအနေအထိ ရောက်ရှိလာနိုင်တယ်လို့ သုံးသပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ)စစ်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အရေးမလှဖြစ်တဲ့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲနဲ့…