February 10, 2024

ဂါဇာမှာ အစ္စရေးစစ်သားတွေ နိုင်ငံတကာဥပဒေချိုးဖောက်နေ

ဂါဇာ ၊ ဖေဖော်ဝါရီ ၁၁ အစ္စရေးစစ်သားတွေဟာ ဖမ်းဆီးရမိထားတဲ့ ဂါဇာဒေသခံတွေကို ကိုယ်လုံးတီးချွတ်၊မျက်စိတွေ ပိတ်ထားပြီး ဖားခုန်ခိုင်းထားတဲ့ ဖြစ်ရပ်ဟာ လူမှုကွန်ရက်မှာပျံ့နှံ့နေတာကြောင့် အဲဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ နိုင်ငံတကာ ဥပဒေအရဖမ်းဆီးထိန်းသိမ်းထားသူတွေကို မလိုအပ်ဘဲ အရှက်ခွဲတာ ဒါမှမဟုတ် လူ့အများရှေ့ ဖော်ပြတာမျိုးမလုပ်ရဘူးလို့ တားမြစ်ထားတာပါ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းမှာ…

နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီ ကြေညာ

နေပြည်တော် ၊ ဖေဖော်ဝါရီ ၉ နိုင်ငံတော်အေးချမ်းသာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အရေးမလှဖြစ်လာ‌နေတဲ့ စစ်ကောင်စီက အာဏာတည်တဲ့ နေ့ရက်ကို ဒီကနေ့မှာ ကြေညာလာပါတယ်။ ဆယ်စုနှစ်ကျော်ကြာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းမှု သုံးနှစ်ကျော် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး အာဏာတည်စေရမယ်လို့…

စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ အနုပညာရှင်တွေကို ပြည်သူ့ရဲတပ်ဖွဲ့အရေးယူမယ်

မော်လမြိုင် – ဖေဖော်ဝါရီ ၁၀ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အနုပညာရှင်/အတက်ပညာရှင်တွေနဲ့ နောက်ကွယ်က ကူညီထောက်ပံ့စေခိုင်းသူတွေကို စုံစမ်းဖော်ထုတ်ပြီး လက်တွေ့ကျကျ ထိရောက်ပြင်းထန်စွာအရေးယူသွားမယ်လို့ ပြည်သူ့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ NUG အစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်၊ဂီတ၊သဘင်အစည်းအရုံးတို့နဲ့ တခြားအနု ပညာရှင်/အတက်ပညာရှင်တွေကို အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ စစ်ကောင်စီနဲ့အပေါင်းအပါတွေဟာ အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်ခဲ့ကြတဲ့…

ပြည်သူ့စစ်ထဲဝင်ရောက်သူတွေများလာတယ်လို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ်ဝါသဝဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲတွေထဲကို ဝင်ရောက် လာသူတွေများလာတယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ သတင်းမှားဖြန့်ဝေနေတာနဲ့ပတ်သက် ပြီး စိစစ်ပေးသွားမှာပါ။ ဒီအကြောင်းကို PAN၊Positive Angle News စတဲ့ စစ်တပ်လော်ဘီအကောင့်တု့တွေက…

ကရင်နီပြည်နယ်မှာ မြို့ ၃ မြို့ကို တော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ထား

လွိုင်ကော်၊ ဖေဖော်ဝါရီ ၁၀ လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ ကရင်နီပြည်နယ်အတွင်းက မြို့ ၃ မြို့ကို ၁၁.၁၁ စစ်ဆင်ရေး အတွင်း အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သံလွင် တိုင်းမ်ကို ပြောပါတယ်။ တော်လှန်ရေးတပ်တွေဘက်က မယ့်စဲမြို့၊နန်းဖယ်ခုံမြို့နဲ့ ရွေ့ပြောင်း အလုပ်သမားတွေအများ ဆုံးရှိနေတဲ့ မော်ချီးဒေသတွေကို အလုံးစုံထိန်းချုပ်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ခဲသတ္တုထွက်ရှိရာဒေသဖြစ်သလို ရွှေ့ပြောင်းအလုပ်သမားထူထပ်တဲ့ မော်ချီးဒေသကို တော်လှန်…

မွန်ပြည်သစ်နယ်မြေထဲ နေ့စဉ်ရက်ဆက် စစ်တပ်လက်နက်ကြီး ပစ်ခတ်နေ

ရေး၊ ဖေဖော်ဝါရီ ၁၀ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်းကျေးရွာထဲကို စစ်ကောင်စီတပ် နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် စိုးရိမ်ပူပန်မှုမြင့်တက်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၁၆)အမြောက်တပ်ကနေ ဖေဖော်ဝါရီ ဒုတိယအပတ်ကစပြီး ကျုံလောင်းရွာဟောင်းကျေးရွာထဲကို ညတိုင်းလက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်ကျူး လွန်နေတာပါ။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေဟာ ညပိုင်းနေအိမ်မှာ…

ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို AA ထပ်မံသိမ်းပိုက်

ရသေ့တောင်၊ ဖေဖော်ဝါရီ ၁၀ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က ဖေဖော်ဝါရီ ၉ ရက်နေ့ ညပိုင်းမှာ သတင်းထုတ် ပြန်ပါတယ်။ ကိုးတန်ကောင်းစခန်းကို ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၁၁ နာရီ…

စစ်အာဏာသိမ်း (၁၁၀၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၅၀၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၀ AAPP ရဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၀၄) ရက်အတွင်း ပြည်သူ (၄၅၀၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၀၃၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၆၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ချောင်းဆုံမှာ ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူတစ်ဦး ဖမ်းဆီးခံရ

ချောင်းဆုံ၊ ဖေဖော်ဝါရီ ၁၀ မွန်ပြည်နယ် ချောင်းဆုံမြို့ရှိ အဓိပတိကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဦးချစ်ကိုကိုအား ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေ ၅ နာရီအချိန့်မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဦးချစ်ကိုကိုဟာ နိုင်ငံ့ဝန်ထမ်းတွေကို CDM လုပ်ဖို့ လှုံဆော်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်၊ ရဲနဲ့အုပ်ချုပ်ရေးပူးပေါင်းအဖွဲ့တွေကနေ အင်အားအလုံးအရင်းနဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။ ဒေသခံတွေအဆိုအရ…

ကျိုက်မရောထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ကျဉ်းတွေရဲ့ ကျန်းမာရေးစိုးရိမ်ရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၀ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ နီးပါးရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က ကျိုက်မရောထောင်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၂ ဦးမှာ ဖုန်းတွေ့ရှိခဲ့တယ်ဆိုကာ…