မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကို ဒေသခံပြည်သူတွေ သောင်းသောင်းဖျဖျကြိုဆိုနေတယ်လို့ စစ်တပ်ပိုင် မြဝတီရုပ်သံ က ဓာတ်ပုံတွေနဲ့ သတင်းမှားဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီ-MWD သတင်းဝက်ဆိုက်ဒ်နဲ့ မဘသ အကောင့်တွေ၊ စစ်တပ် လော်ဘီအကောင့်တုတွေမှာ ဇန်နဝါရီလ ၂၇ ရက်နေ့က စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ကန့်ဘလူမြို့အတွင်းဝင်လာတဲ့ ရွှေဘိုမြို့ စခတ ၈ အမှတ် ၈ လေ့ကျင့်ရေးတပ်က ထွက်လာတဲ့ အင်အား ၄၀၀ ကျော်ပါ စစ်အုပ်စုကို ကန့်ဘလူပျူစောထီး ခေါင်းဆောင် သင်္ဃန်းဝတ် ဝါသဝလက်အောက်ခံ ပျူအုပ်စုနဲ့ မိသားစုတွေဟာ လမ်းဘေးမှာ အိုးစည်ဗုံမောင်း သပြေခက်တွေနဲ့ ကြိုဆိုတာတွေလုပ်ခဲ့တယ်လို့ ဒေသအခြေစိုက်အဖွဲ့တွေနဲ့ လွတ်လပ်သော မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ကျွန်းလှနဲ့ ကန့်ဘလူမြို့ပေါ်က ဒေသခံတါေကို ကား ၈ စီးနဲ့ စစ်ကောင်စီ ပျူစောထီးတွေက အဓမ္မလာရောက်ခေါ်ဆောင်သွားပြီးနောက် စစ်ကြောင်းထွက်လာတဲ့ ကန့်ဘလူမြို့အဝင်မှာ ကြိုဆိုခိုင်းတာတွေလုပ်ခဲ့ရတယ်လို့ ကန့်ဘလူမြို့နယ်သတင်းတွေဖော်ပြနေတဲ့ Infinity Group က ဆိုထားပါတယ်။ 

မန္တလေးအခြေစိုက် MFP သတင်းဌာနကလည်း ကန့်ဘလူမြို့ပေါ်ကိုဝင်ရောက်လာတဲ့ အင်အား ၄၀၀ ကျော်ပါ စစ်အုပ်စုစစ်ကြောင်းကို ဒေသခံတွေက အိုးစည်ဗုံမောင်းနဲ့ ကြိုဆိုခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်နေတယ်လို့ ဖော်ပြထားပါတယ်။ 

ကန့်ဘလူနယ် သတင်းတွေ တင်ဆက်နေတဲ့ Infinity Group အဖွဲရဲ့သတင်း 

https://mobile.facebook.com/story.php?story_fbid=pfbid0tKP7mBabunSQ1uNGke1jzrPUHKy76QL4z2bXXQJA6G8HFFYXMbV48qRGNvW8Ea7fl&id=100076863513093&mibextid=Nif5oz&_rdc=1&_rdr

MFP သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://web.facebook.com/watch/?extid=CL-UNK-UNK-UNK-AN_GK0T-GK1C&mibextid=Nif5oz&v=374135488537817

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.