January 30, 2024

ရုရှားရွေးကောက်ပွဲဝင်ဖို့ ပူတင် မှတ်ပုံပြန်တင်

မော်စကို၊ ဇန်နဝါရီ ၃၁ ရုရှားအစိုးရက မတ်လအတွင်းကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ဗလာဒီမာပူတင်ကို ကိုယ်စားလှယ်လောင်းအဖြစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ တရားဝင်အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပူတင်ဟာ ရုရှားကို အတိုက်အခံမရှိဦးဆောင်နေတဲ့သူဖြစ်ပြီး သမ္မတရွေးကောက်ပွဲ ၄ ကြိမ်အနိုင်ရရှိထားသလို ဝန်ကြီးချုပ်အဖြစ်လည်း ခေတ္တတာဝန်ထမ်း ဆောင်ဖူးသူဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်တိုင်အမည်စာရင်းတင်သွင်းခဲ့တဲ့ ပူတင်ကို မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သလို လက်ယာ…

မြန်မာ့နိုင်ငံရေး ပြဿနာကို ကိုယ်တိုင်ဖြေရှင်းကြဖို့ အာဆီယံ တိုက်တွန်း

လူအန်ပရာဘန် ၊ ဇန်နဝါရီ ၃၁ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေအဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာတွေကို ကိုယ်တိုင် ဦးဆောင်ဖြေရှင်းဖို့ ဇန်နဝါရီ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကနေ တိုက်တွန်းလိုက်ပါတယ်။ အာဆီယံနိုင်ငံခြားရေးအစည်းအဝေးအပြီး ထွက်ပေါ်လာတဲ့ ကြေညာချက်မှာ ဝန်ကြီးတွေအနေနဲ့ အလှည့်ကျဥက္ကဋ္ဌ လာအိုခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ ဆက်သွယ်ရေးနဲ့ မြန်မာပြည်သူတွေကို…

လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်၊ အရပ်သားပြည်သူထိခိုက်မှုတွေရှိနေ

လောင်းလုံး၊ ဇန်နဝါရီ ၃၀ တနင်္သာရီတိုင်း၊ ထားဝယ်ဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ ဒီနေ့ မနက် ၅ နာရီခွဲအချိန်ခန့်ကစပြီး လောင်းလုံးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ရဲစခန်း၊ စရဖရုံးနဲ့ ဂိတ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက်…

လက်နက်ပွဲစား ထွန်းမင်းလတ်အမှု သက်သေမခိုင်လုံဘူးလို့ ထိုင်းတရားရုံးဆုံးဖြတ် ၊ တရားသေလွှတ်ပေး 

ဘန်ကောက် – ဇန်နဝါရီ ၃၀ ထိုင်းနိုင်ငံတရားရုံးမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ငွေကြေး ခဝါချမှုတို့နဲ့ တရားစွဲခံထားရတဲ့ စစ်ကောင်စီ လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့အမှုဟာ သက်သေခိုင်လုံမှု မရှိဘူးလို့ ထိုင်းရာဇ ဝတ်မှုတရားရုံးက ဆုံးဖြတ်ပြီး တရားသေလွှတ်ပေးလိုက်တယ်လို့ Nation Thailand သတင်းဌာန က ဖော်ပြထားပါတယ်။ ထွန်းမင်းလတ်၊ထိုင်းလွှတ်တော်အမတ်တစ်ဦးရဲ့သားမက်နဲ့ Allure Group (P&E)တို့ကို စွဲတင် ထားတဲ့ အမှုတွေထဲမှာ အစိုးရရှေ့နေတွေ…

ဂန့်ဂေါပျူစောထီးရွာက ထွက်ပြေးတဲ့ မိသားစု  မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရ

ဂန့်ဂေါ – ဇန်နဝါရီ ၃၀ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်က ပျူစောထီးကျေးရွာကနေထွက်ပြေးလာတဲ့ မိသားစုတစ်စုဟာ စစ်ကောင်စီတပ်သားတွထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က မြောက်ခင်ရန်း ပျူစောထီးကျေးရွာကနေထွက်ပြေးလာတဲ့ မိသားစုဝင်လေးဦးထဲက အသက် ၂၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်းနင်းမိတာကြောင့် သွေးထွက်လွန်ပြီး သတိမေ့နေတဲ့ လူနာအမျိုးသမီးကို ဂန့်ဂေါ မြို့နယ်…

လွိုင်ကော်ဒေသခံတွေ နေရပ်မပြန်ဖို့ KNDF သတိပေး

လွိုင်ကော် – ဇန်နဝါရီ ၃၀ ကရင်နီပြည်နယ်၊လွိုင်ကော်မြို့မှာ နှစ်ဘက်အပြန်အလှန်တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် ဒေသခံတွေ နေရပ်မပြန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတိပေး လိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကစပြီး စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ လွိုင်ကော်မြို့တွင်းပြန်လည် စည်ကားနေပြီဖြစ်သလို နေရပ်ပြန်လာဖို့နဲ့ လွိုင်ကော်မြန်မာ့စီးပွားရေးဘဏ်မှာ ဒေသခံလို့ယူဆ လို့ရတဲ့ လူဆယ်ဂဏန်းလောက်ကို ဆန်၊ဆီနဲ့ ရိက္ခာတွေ ပေးဝေနေတဲ့ပုံတွေကို ဖော်ပြထားပါ တယ်။ ဇန်နဝါရီလ ဒုတိယအပတ်လောက်ကစပြီး…

မွန်ပြည်နယ်မှာ နောက်နှစ်ရက်အထိ မိုးရွာနိုင်တယ်လို့ မိုးဇလ သတိပေး

မော်လမြိုင် ၊ ဇန်နဝါရီ ၃၀ မွန်ပြည်နယ်မှာ အချိန်အခါ မဟုတ် မိုးရွာသွန်းမှုဟာ နောက်နှစ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တို့မှာလည်း နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သေးတယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦး စီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရာသီချိန်မဟုတ်ဘဲ မိုးရွာသွန်းရတာဟာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေတာ၊ ကပ္ပလီပင်လယ်ပြင်နဲ့…

ပျူစောထီးတွေကြိုဆိုနေတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူတွေဆိုပြီး မြဝတီချန်နယ် လိမ်လည် ဝါဒဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကို ဒေသခံပြည်သူတွေ သောင်းသောင်းဖျဖျကြိုဆိုနေတယ်လို့ စစ်တပ်ပိုင် မြဝတီရုပ်သံ က ဓာတ်ပုံတွေနဲ့ သတင်းမှားဖြန့်နေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ပိုင် မြဝတီ-MWD သတင်းဝက်ဆိုက်ဒ်နဲ့…

သံဖြူဇရပ်မှာ ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ၅ ဦး PDF ဖမ်းဆီး

သံဖြူဇရပ်၊ ဇန်နဝါရီ ၃၀ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာရှိ စစ်ကောင်စီ သြဇာခံပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်အပါအဝင် ၅ ဦးကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF ဘက်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်အပါအ ဝင် ပြည်သူ့စစ်အဖွဲ့ဝင်…

ချောင်းနှစ်ခွတိုက်ပွဲအတွင်း ကျန်ရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တစ်ဆင့်မြင့် ရာထူးတိုးပေး

ကျိုက်မရော၊ ဇန်နဝါရီ ၃၀ ရက်ပေါင်း ၅၀ ကြာမြင့်ခဲ့တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရဲစခန်းတိုက်ပွဲအတွင်း ကျန်ရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နဲ့ တစ်ဆင့်မြင့် ရာထူးတိုးပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။ ချောင်းနှစ်ခွတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲမှာ ရဲသူရတံဆိပ်ရ ရဲတပ်ဖွဲ့ဝင် တစ်ဦး၊ ရဲဗလတံဆိပ်ရ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ စုစုပေါင်းရဲတပ်ဖွဲ့ဝင် ၁၂…