မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

မတ္တရာမြို့နယ် မှော်နီကုန်းကျေးရွာကို PDF တွေမီးရှို့တယ်ဆိုပြီး စစ်တပ်လက်အောက်ခံ MRTV နဲ့ MOI တို့က သတင်းမှားဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး စိစစ်ပေးသွားမှာဖြစ်ပါတယ်။ 

ဒီအကြောင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV၊MWD၊မြန်မာ့အလင်းသတင်းစာ၊ကြေးမုံ သတင်းစာနဲ့ MOI အပြင် စစ်တပ်လော်ဘီအကောင့်တုတွေမှာ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေနေတာပါ။ 


ဖြစ်စဉ်မှာ မန္တလေးတိုင်း၊မတ္တရာမြို့နယ်က အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ မှော်နီကုန်းရွာကို စစ်တပ်က ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ လွတ်လပ်သော သတင်းဌာနတွေနဲ့ မန္တလေး အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဒေသခံတစ်ဦးကို မေးမြန်းပြီးရေးသားထားတဲ့ DVB သတင်းမှာတော့ စစ်ကောင်စီတပ်ဟာ မနက် ၅ နာရီခွဲလောက်က ရွာထဲမဝင်မီ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးနောက် ပြည်သူ တွေ ထွက်ပြေးတိမ်းရှောင်ချိန် မနက် ၈ နာရီဝန်းကျင်မှာ ရွာကိုမီးနဲ့ ရှို့ခဲ့တာဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။

မန္တလေးအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ MFP သတင်းဌာနမှာတော့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၇ နာရီလောက်စပြီး စစ်ကောင်စီတပ်တွေဟာ မှော်နီကုန်းကျေးရွာ၊သပြေချောင်းနဲ့ အင်းတံခါး စတဲ့ ကျေးရွာတွေကို စီးနင်းအကြမ်းဖက်နေတဲ့အတွက် ဒေသခံတွေထွက်ပြေး တိမ်း ရှောင်နေရတယ်လို့ ရေးသားထားပါတယ်။ 

ဒါ့အပြင် မန္တလေးနဲ့ မတ္တရာမြို့နယ် အတွင်းက စစ်ရေးသတင်းတွေ ထုတ်ပြန်ပေးနေတဲ့ Wetlet Informational Network အဖွဲ့ကတော့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မတ္တရာမြို့နယ်ထဲကို စစ်တပ်ရဲ့ ကား ၁၂ စီးရောက်လာပြီး မှော်နီကုန်းရွာက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

DVBသတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02pHtSgUrnRgNY5wUHUmb1DkSyZZcEdB2jMMSL4ywyNRCQNHvA3pWvwYtK41s3zTQFl&id=100064451569209&mibextid=Nif5oz&_rdc=1&_rdr

MFP သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://web.facebook.com/mandalayfreepress/posts/pfbid031kydxjCGCSCFYg7xSxrQSGh8Hwtq3svigKWdWYGzdc9dCUFARg4aYJ2iN911RQapl

Wetlet Informational Network ရဲ့ သတင်းထုတ်ပြန်ချက်

https://mobile.facebook.com/story.php?story_fbid=pfbid0UHkScmD5nhN4jccrTFY9cLyPzuHEE3tJQ3RqxFqhzf3gZ8WJsbh5dV958kEkoU4Bl&id=100086801447695&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.