မောင့်ဂိုမာရီ၊ ဇန်နဝါရီ ၂၇
အမေရိကန်ပြည်ထောင်စု၊အလာဘားမားပြည်နယ်မှာ လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားဖြစ်သူ ကန့်နက်ယူဂျင်း စမစ်ကို နိုက်ထရိုဂျင်ဓာတ်ငွေ့အသုံးပြုပြီး ပထမဆုံးသေဒဏ်စီရင်ခဲ့ပါတယ်။
ဒီလိုစီရင်မှုဟာ ရက်စက်ပြီး မူမမှန်တဲ့ အပြစ်ပေးမှုဖြစ်တယ်လို့ စမစ်က နိုင်ငံတော်တရားရုံးမှာ နှစ်ကြိမ်၊ဖက်ဒရယ်တရားရုံးမှာ တစ်ကြိမ် အယူခံဝင်ခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ပါဘူး။
သူဟာ ၁၉၈၉ ခုနှစ်က အမွေကိစ္စနဲ့ တရားဟောဆရာ တစ်ဦးရဲ့ ဇနီးအဲလိဇဘက်ဆန်နက်ကို သတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားပြီး သေဒဏ်ချမှတ်ခံရပြီးနောက် ၂၀၂၂ ခုနှစ်မှာတော့ အလာဘားမားပြည်နယ်အစိုးရက ဆေးထိုးပြီး စီရင်ဖို့လုပ်ခဲ့ပါသေးတယ်။
သေဒဏ်ပေးရာမှာ အသုံးပြုရတဲ့ ထိုးဆေးတွေ ရှာရခက်ခဲလာတာကြောင့် အလာဘားမားနဲ့ တခြားအမေရိကန်ပြည်နယ်နှစ်ခုက နိုက်ထရိုဂျင်ဓာတ်ငွေ့သုံးပြီး သေဒဏ်ပေးဖို့ ခွင့်ပြုပြီးနောက် စမစ်ဟာ နိုက်ထရိုဂျင်နဲ့သေဒဏ်ပေးခံရတဲ့ ကမ္ဘာ့ပထမဆုံးလူသားဖြစ်တာပါ။
စမစ်ကို သေဒဏ်ပေးချိန်မှာ မီဒီယာသမား ၅ ဦးကို ဖိတ်ခေါ်ခဲ့ပြီး သူ့ရဲ့ နှာခေါင်းအဖုံးအကာထဲကို ဓာတ်ငွေ့လွှတ်ချိန်မှာ သူ့ရဲ့မိသားစုဘက်ကိုကြည့်ကာ မင်းတို့ကိုငါချစ်တယ်လို့ ဟန်ပန်နဲ့ပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။
အောက်စီဂျင်မပါတဲ့ နိုက်ထရိုဂျင်ဓာတ်ငွေ့ကို ရှူသွင်းရင် ခန္တကိုယ်ထဲက ဆဲလ်တွေပြိုကွဲပြီး အသက်သေဆုံးနိုင်တဲ့အတွက် စမစ်ဟာ ၂ မိနစ်ကနေ ၄ မိနစ်အတွင်း အသက်ထွက်သွားခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကွပ်မျက်မယ့်နေရာကို လာရောက်ဖို့ ဖိတ်ကြားချက်ကို ပယ်ချထားခဲ့တဲ့ အလာဘားမား ပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း စမစ်သေဆုံးသွားပြီဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
ဆေးဘက်ဆိုင်ရာ ပရောဖက်ရှင်နယ်တချို့ကတော့ နိုက်ထရိုဂျင်ဓာတ်ငွေ့အသုံးပြုပြီးသေဒဏ် ပေးတာနဲ့ပတ်သက်ပြီး ရှုတ်ချထားကြသလို အပြစ်ပေးခံရသူဟာ ခန္တာကိုယ် ဘာတစ်ခုမှလှုပ်မရတဲ့ အခြေအနေနဲ့ အသက်ရှင်နေဦးမယ့် အန္တရာယ်ရှိတယ်လို့ ဆိုထားကြပါတယ်။
Ref:BBC