မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

စစ်တပ်အကြီးအကဲ ဒုတပ်ချုပ်က ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ ဗိုလ်မှူးကြီး စောချစ်သူကို ဗိုလ်မှူးချုပ်ရာထူးတိုးပေးလိုက်တယ်လို့ သတင်းမှားဖြန့်နေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ထောက်ခံတဲ့အကြောင်းတွေရေးသားလေ့ရှိတဲ့ တပ်မတော်ထောက်ခံသူ တွေအပါအဝင် တပ်လော်ဘီအကောင့်တုတွေက ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေလာတာ ပါ။

ဖြစ်စဉ်မှာတော့ BGF ရဲ့ ဗိုလ်မှူးကြီးစောချစ်သူကို စစ်ကောင်စီက ဗိုလ်မှူးချုပ် ရာထူးတိုးမြှင့်ပေး ခဲ့တယ်လို့ ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေမှာ အသုံးပြုထားတဲ့ပုံတွေဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က MNDAA ရဲ့ တိုက်ပွဲအတွင်း သေဆုံးထားသူရဲ့ ဘတ်တံဆိပ်တွေဖြစ်တယ်လို့ The Kokang နဲ့ လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲမှာသေဆုံးထားတဲ့ စစ်ကောင်စီတပ်သားရဲ့ ရုပ်အလောင်းပေါ်က ရရှိတဲ့ တံဆိပ်နဲ့အတူ BGF ဗိုလ်မှူးကြီး စောချစ်သူရဲ့ ဓာတ်ပုံကို ပူးတွဲကာ ဗိုလ်မှူးကြီး စောချစ်သူကို ရာထူးတိုးပေး လိုက်ပြီဆိုပြီး စစ်တပ်ထောက်ခံသူတွေက ဖြန့်ဝေနေတာဖြစ်ပါတယ်။ 

RFA သတင်းဌာနမှာတော့ စစ်ကောင်စီက ရာထူးတိုးပေးလိုက်တယ်လို့ သတင်းထွက်နေတဲ့ အပေါ်မှာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကိုယ်တိုင် မသိရသေးဘဲ ဒီသတင်းဟာ အမှားဖြစ်တယ်လို့ ဖြေဆိုထားပါတယ်။ 

ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ KIC မှာတော့ ဒုစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ဘာရလဒ်မှ မရရှိခဲ့ဘူးလို့ BGF ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်ရဲ့ အတည်ပြုချက်နဲ့ သတင်းဖော် ပြထားပါတယ်။ 

The Kokang ထုတ်ပြန်ထားတဲ့ ကိုးကန့်ဒေသနယ်မြေရှင်းလင်းအပြီး ထုတ်ပြန်ထားတဲ့ ဘက်တံဆိပ် ဓာတ်ပုံပါ ထုတ်ပြန်ချက်

https://mobile.facebook.com/story.php?story_fbid=pfbid02xu5xcQUQKrqLcuqn2A2eXKorn7FXtZZFT6Qsvo36ryduEWj3Ar91eDNvHrD36LTsl&id=100063897592008&mibextid=Nif5oz&_rdc=1&_rdr

RFA သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://web.facebook.com/watch/?v=747212263656802&extid=CL-UNK-UNK-UNK-AN_GK0T-GK1C&ref=sharing&mibextid=Nif5oz&_rdc=1&_rdr

KICသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://mobile.facebook.com/story.php?story_fbid=pfbid0sm42QYhcEb4jqmZBQzDmJQuYjTzPPnqMc3CNAew5ufqBbteXERYqTSALm9V6PeJEl&id=100064406626483&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.