မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီပဲယင်းမှာ ဒေသခံတွေကို စစ်တပ်ရဲ့ဘီလူးစစ်ကြောင်းက သတ်တာမဟုတ်ဘဲ PDF တွေ သတ်တာဆိုပြီး စစ်တပ်ဝါဒဖြန့်မီဒီယာတွေက သတင်းမှားဖြန့်နေတဲ့အကြောင်းကို စိစစ်ပေး သွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့ Truth Media၊ကျော်စွာနဲ့ ဟန်ငြိမ်းဦး တယ်လီ ဂရမ်ချန်နယ်တွေကနေ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာပါ။ 

ဖြစ်စဉ်မှာ စစ်တပ်နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ် လက်ယက် ကုန်းရွာက ပစ်သတ်ခဲ့တဲ့ မဲအိုရွာသား ၄ ဦးကို ဇန်နဝါရီလ ၁၉ ရက်နေ့က တွေ့ရှိရတယ်လို့ မျက် မြင်တွေ့ရှိသူတွေရဲ့ ထုတ်ဖော်ပြောဆိုချက်တွေကို ကိုးကားပြီး လွတ်လပ်သော သတင်းဌာနတွေ မှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီလ ၁၈ ရက်နေ့က ဒီပဲယင်းမြို့နဲ့ ၆ မိုင်ကွာတဲ့ မြို့အရှေ့ ခြမ်းက လက်ယက်ကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်ဆို တဲ့အကြောင်းပြချက်နဲ့ မဲအိုးရွာသား ၃ ဦးနဲ့ ပကဖအဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ VOA သတင်းမှာဖော်ပြထားပါတယ်။ 

ဒါ့အပြင် DVB သတင်းဌာနကလည်း ဒီပဲယင်းမှာ စစ်တပ်က ပစ်သတ်ထားခဲ့တဲ့ ပြည်သူ ၄ ဦး အလောင်း တွေ့ရှိရတယ်ဆိုပြီး သက်ဆိုင်ရာ အမည်တွေနဲ့တကွ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ သတင်းဖော်ပြထားပါတယ်။ 

အသတ်ခံရသူတွေဟာ မဲအိုးရွာက ဦးဇော်ထွန်းဝင်း (ခ) ဦးမောင်ထွန်း (၅၁ နှစ်)၊ ဦးဇော်ဝင်း (၅၃ နှစ်)၊ ဦးအောင်မြင့်ကျော်(ခ)ဦးကုလား (၄၃ နှစ်) နဲ့ မခင်လင်းဌေး (၃၇) နှစ်တို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။  

VOA သတင်းဌာနကဖော်ပြထားတဲ့ သတင်း 

https://burmese.voanews.com/a/7446774.html?fbclid=IwAR1xkcItAVZviWKJMkdyj6UV6EwY360pu2kZ-It6G-7dmYtVJiM_NhUeZWk

DVBသတင်းဌာနကဖော်ပြထားတဲ့ သတင်း

https://www.dvb.no/post/634690?fbclid=IwAR2_BjaQzNNLMNO-6zHICU1C8GCHn56r_tXL3Dv-3RLIYl1Gcl6yWDtBJ1E

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.