ကျောက်ကြီး၊ ဇန်နဝါရီ ၂၃

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဇန်န ဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ပိန်းဇလုပ်အခြေစိုက် အမှတ်(၂၆၄) ခြေလျင်တပ်ရင်းကနေ ကျောက်ကြီးမြို့ နယ် လိန်ပင်ဝဲနဲ့ ဝါချဲကျေးရွာထဲကို လက်နက်ကြီး ၆ လုံးထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လိန်ပင်ဝဲကျေးရွာက အသက် ၁၅ နှစ်အရွယ် မောင် လုံးပု၊ အသက် ၄၁ နှစ်အရွယ် ဦးကျော်ဝင်းလွင်၊ ဝါချဲကျေးရွာနေ အသက် ၄၂ နှစ်အရွယ် စောဖိုးလောရေတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် လိန်ပင်ဝဲကျေးရွာက နေအိမ် ၃ လုံး၊ ဝါချဲကျေးရွာက နေအိမ် ၁ လုံး၊ စုစုပေါင်း နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနေ့မှာပဲ စစ်ရှောင်ရာကနေ နတ်သံကွင်းမြို့ရှိ နေအိမ်မှာ ပစ္စည်းလာပြန်ယူတဲ့ ဒေသခံ အသက် ၆၀ အရွယ် တီးမောင်ယေားလာကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ ပြန်မလွတ်ပေးသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တို့မှာလည်း KNU သထုံမြို့နယ်နဲ့ မုန်းမြို့နယ်တို့ကို စစ်ကောင်စီ တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.