မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့ နမ့်ဖတ်ကာအနီးမှာ စစ်တပ်လေယာဉ်ဟာ ကချင် လွတ်လပ်ရေးတပ် KIA ပစ်ချတာမဟုတ်ဘဲ စက်ချို့ယွင်းပြီး ပျက်ကျသွားတာဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူတွေက သတင်းမှားဖြန့်နေတဲ့အကြောင်းကို ဒီနေ့မှာ စိစစ်ပေးသွားမှာပါ။

ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့ မှိုင်းဝေ၊ MWD၊MRTV၊ တပ်မတော် ချစ်သူများ၊ရဲဘညွန့်၊ကျော်စွာနဲ့ ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်တွေက ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စတင်ဖြန့်ဝေနေတာဖြစ်ပါတယ်။ 

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာမှာ FTC – 2000G စစ်တပ်တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ နဲ့ KPDF ပူးပေါင်းအဖွဲ့က ပစ်ချလိုက်တာ ဖြစ်တယ်လို့ ဒေသအခြေစိုက်သတင်းမီဒီယာနဲ့ လွတ်လပ်သော သတင်းမီဒီယာတွေမှာ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားပါတယ်။

DVB သတင်းဌာနမှာတော့ KIA ပစ်ချခဲ့တဲ့ FTC-2000G  စစ်တိုက်လေယာဉ်မှာပါသွားတဲ့ လေယာဉ်မှူးနဲ့တွဲဘက်လေယာဉ်မှူး နှစ်ဦးလုံးသေဆုံးသွားတယ်လို့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။

ဧရာဝတီသတင်းဌာနကလည်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူရဲ့ အတည်ပြုထား ချက်နဲ့အတူ သတင်းရေးသားဖော်ပြထားပါတယ်။ 

DVBသတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02KQP7LoKSz28TkmLNkyf3H92aBzeUKzo6WPX65SncRGjPpLnc3o7G7cpbbUsevL15l&id=100064451569209&mibextid=Nif5oz&_rdc=1&_rdr

Myitkyina news journal  သတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid0L6gV4oiSz3Vz6zb9qJfVGVQDpEwGTXdiv7FgjpgjGtBKaFtFYJ9gt7NVGwq7amF4l&id=100080910062501&mibextid=Nif5oz&_rdc=1&_rdr

The Irrawaddy သတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://burma.irrawaddy.com/news/short-news/2024/01/16/378510.html?fbclid=IwAR1Q3Qvzp77lnq6EDyTN6-DOeKI3CVyUlItbaLHINC_NCe2haM29TswZRbA

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.