မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် ဝှေခါရွာက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၅၀၀၀ ကျော်ကို စစ်တပ်က ဆန်နဲ့ စားနပ်ရိက္ခာတွေ ပံ့ပိုးပေးထားတယ်လို့ သတင်းမှားဖြန့်နေတဲ့ အကြောင်းကို ဒီနေ့မှာ စိစစ်ပေးသွားမှာပါ။ 

ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့ မှိုင်းဝေ၊ရဲဘညွန့်နဲ့ ဟန်ငြိမ်းဦးအစရှိတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဝှေခါကျေးရွာဘက်ကို စစ်ကောင်စီက လက်နက် ကြီးတွေရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ဒေသခံစစ်ဘေးရှောင်တွေဟာ ဆိုင်းတောင်ကျေးရွာ ဘက်ကို ဇန်နဝါရီလ ၆ ရက်နေ့တည်းက ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ လွတ်လပ် သော သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

စစ်ရှောင်တွေဟာ ဆိုင်းတောင်ကျေးရွာအနီးက ခရစ်ယာန်ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်း တွေမှာ ရှောင်တိမ်းနေရပြီး ထမင်းနဲ့ဟင်းကို စစ်ရှောင်စခန်းအနီးက ပြည်သူတွေထဲက တက်နိုင် သူတွေ ချက်ကျွေးနေကြတာဖြစ်ပြီး ပရဟိတအဖွဲ့တွေက အလှူခံကာ ပြည်သူအချင်းချင်း ကူညီ ပေးနေတာဖြစ်တယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။  

အဲဒီစစ်ရှောင်တွေထဲမှာ ကျန်းမာရေးမကောင်းသူတွေနဲ့ အသက်အရွယ်ကြီးနေတဲ့သူတွေလည်း ပါနေတာကြောင့် အရေးပေါ်ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ RFA သတင်းဌာနမှာ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Kachin Waves မှာလည်း ဖားကန့် စစ်ကောင်စီဗျူဟာကုန်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။ 

RFAသတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://web.facebook.com/watch/?v=3688745454698072&extid=CL-UNK-UNK-UNK-AN_GK0T-GK1C&ref=sharing&mibextid=Nif5oz&_rdc=1&_rdr

Kachin Waves သတင်းဌာနက ဖော်ပြထားတဲ့သတင်း

https://mobile.facebook.com/story.php?story_fbid=pfbid02qhTqHXFRXJQbTH8yxBd13e7ASmJZRGRQrCvWKMSd7TdH12sr385Kk7b5gAhuMEDUl&id=100064616984622&mibextid=Nif5oz&_rdc=1&_rdr

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.