January 18, 2024

ဂါဇာထိုးစစ်ရပ်ရင် အစ္စရေးကို တိုက်ခိုက်မှုတွေ အဆုံးသတ်ပေးမယ်လို့ အီရန် ပြော

တီဟီရန်၊ ဇန်နဝါရီ ၁၉ ဂါဇာစစ်ပွဲအဆုံးသတ်ရင် မဟာမိတ်တွေရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ပေးသွား မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပြီး ဒီစစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းမှာ တင်းမာ မှုတွေ ပိုမိုမြင့်တက်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ဟားမတ်စ်အဖွဲ့ကို အီရန်က ကူညီပေးနေတာဖြစ်ပြီး အစ္စရေးက ရာဇဝတ်မှုတွေ ကျူးလွန်နေ တယ်လို့ စွပ်စွဲထားသလို အမေရိကန်က ကူညီပေးနေတယ်လို့လည်း ဆိုထားတာပါ။ ဂါဇာမှာလူမျိုးတုန်း သတ်ဖြတ်နေတာတွေ…

ထိုင်းမှာ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကြောင့် လူပေါင်း ၂၃ ဦး သေဆုံး

ဘန်ကောက် ၊ ဇန်နဝါရီ ၁၉ ထိုင်းနိုင်ငံအလယ်ပိုင်း၊ဆူဖန်ဘူရီပြည်နယ် ဆာလာခါအိုမြို့အနီးမှာ မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် လူပေါင်း ၂၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည် ၃ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်တာနက်မှာပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေအရ မြေပြင်မှာ သတ္တုအပိုင်းအစတွေ ပြန့်ကျဲနေသလို အနက်ရောင်မီးခိုးလုံးကြီးတွေ ထွက်ပေါ်ခဲ့တာပါ။ အဲဒီစက်ရုံမှာ…

ရေစကြိုရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို PDF စီးနင်းတိုက်ခိုက်

ရေစကြို – ဇန်နဝါရီ ၁၈ မကွေးတိုင်း၊ရေစကြိုမြို့နယ်က စစ်ကောင်စီအထိုင်တပ်စခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက် ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီအထိုင်စခန်းတွေဖြစ်တဲ့ ရုံးပေါင်းစုံ(ထွေအုပ်ရုံး တပ်စခန်းနဲ့ ငြိမ်းဇာနည် (စစ်မှုထမ်းဟောင်းရုံး) တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။…

ဖားကန့်စစ်ရှောင် ၅၀၀၀ ကျော်ကို စစ်တပ်က စားနပ်ရိက္ခာပံ့ပိုးထားတယ်ဆိုပြီး သတင်းမှား ဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် ဝှေခါရွာက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၅၀၀၀ ကျော်ကို စစ်တပ်က ဆန်နဲ့ စားနပ်ရိက္ခာတွေ ပံ့ပိုးပေးထားတယ်လို့ သတင်းမှားဖြန့်နေတဲ့ အကြောင်းကို ဒီနေ့မှာ စိစစ်ပေးသွားမှာပါ။ ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့…

ရခိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု စံချိန်တင်မြင့်တက်လာ

ရခိုင်၊ ဇန်နဝါရီ ၁၈ စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီဟာ စစ်‌ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်လူထုတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် လေကြောင်းတိုက်ခိုက်မှုတွေဟာလည်း စံချိန်တင် မြင့်တက်လာခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှု တွေရှိနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၇ ရက် မနက် ၆ နာရီခွဲအချိန်ခန့်မှာ ကျောက်တော်မြို့နယ် အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ-၃၇၆…

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း ဈာပနာအခမ်းအနားကို ဂျပန်ရေတွင်းကျေးရွာမှာ ပြုလုပ်မယ်

ဘုရားသုံးဆူ၊ဇန်နဝါရီ ၁၈ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌကြီး နိုင်ထောမွန်ရဲ့ ဈာပနအ ခမ်းအနားကို ပါတီထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘုရားသုံးဆူမြို့ရှိ ဂျပန်ရေတွင်းကျေးရွာမှာ လာမယ့် ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ မွန်ပြည်သစ်ပါတီက သတင်းထုတ်ပြန်ပါတယ်။ အသက် ၇၈ နှစ်အရွယ် နိုင်ထောမွန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၇…

ရေးအခြေစိုက် ခလရ ၁၀၆ တပ်ရင်း တိုက်ခိုက်မှုမှာ စစ်သား ၄ ဦး သေဆုံးတယ်လို့ ရေးဘီလူးအဖွဲ့ပြော

ရေး၊ ဇန်နဝါရီ ၁၈ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၁၀၆) ခြေလျင်တပ်ရင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်း ဆောင်က ပြောပါတယ်။ အဲဒီတပ်ရင်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က အ လစ်ငိုက်ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့တာ…

စစ်ကောင်စီအလိုကျ ပြည်သူ့စစ်ဖွဲ့စည်းမှုမှာ ပါဝင်သူတွေကို ပြင်းထန်စွာအရေးယူမယ်

မော်လမြိုင်၊ ဇန်နဝါရီ ၁၈ စစ်ကောင်စီအလိုကျ ပြည်သူတွေကိုဖိအားပေး ပြည်သူစစ်ဖွဲ့စည်းတဲ့လုပ်ငန်းမှာ ပါဝင်နေသူအား လုံးကို ပြင်းထန်စွာအရေးယူသွားမယ်လို့ NUG ရဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ဇန်နဝါရီ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ စစ်မျက်နှာအနှံ့ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ တပ်ဖွဲ့ဝင်အင်အား ချိနဲ့ပြုန်းတီးလာတာ၊ စိတ်ဓာတ်ရေးရာ ပြိုကျပျက်စီးလာတာကြောင့် ပြည်သူ့စစ်အဖြစ် ပြည်သူတွေကို လိမ်လည်လှည့်…

စစ်အာဏာသိမ်း (၁၀၈၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၈၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၈ AAPP ရဲ့ ဇန်နဝါရီ (၁၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၈၁) ရက်အတွင်း ပြည်သူ (၄၃၈၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၈၃၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၀၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြန်မာ့ပြည်တွင်းရေး တရုတ်လွှမ်းမိုးမှုရှိတယ်လို့ NUG ယာယီသမ္မတပြော

မော်လမြိုင်၊ ဇန်နဝါရီ ၁၈ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရေးမူဝါဒ သဘောထားတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်တွင်းရေးအခြေအနေတွေအပေါ် လွှမ်းမိုးမှုရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တက်ကြွပြီး လွတ်လပ်တဲ့…