မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ရခိုင်ပြည်နယ်၊ပေါက်တောမြို့ တောင်ဘူးကျေးရွာကို စစ်တပ်ကဝင်ရောက်လာစဉ် AA က ရွာကို မီးရှို့ထွက်ပြေးတယ်ဆိုပြီး သတင်းမှားဖြန့်နေတဲ့အကြောင်းကို ဒီနေ့မှာစိစစ်ပေးသွားမှာ ဖြစ်ပါ တယ်။

ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ Ko Thet၊ကျော်စွာ၊ရဲဘညွန့်နဲ့ ဟန်ငြိမ်းဦးတို့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က စတင်ဖြန့်ဝေခဲ့ကြတာပါ။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် တောင်ဖူးရွာမှာ ရက္ခိုင်တပ်တော်နဲ့ စစ်ကောင်စီ တပ်တို့ဟာ ဇန်နဝါရီလ ၁၁ ရက်နေ့မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA ဘက်ကတပ်ဆုတ်သွားချိန် စစ်တပ်က တောင်ဖူးရွာကို မီးရှို့ဖျက်ဆီးသွားတာဖြစ်တယ်လို့ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံ တွေကို မေးမြန်းပြီး ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ထုတ်ရေးသားထားပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့သွားတာကြောင့် ဘုန်းကြီးကျောင်း ၂ ဆောင်အပါအဝင် စက်ရုံ တချို့မီးလောင်သွားခဲ့သလို လက်ရှိအချိန်မှာလည်း တောင်ဖူးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်နေတယ်လို့  BBC Burmese သတင်းဌာနက ရေးသားထားပါသေးတယ်။ 

Development media group သတင်းဌာနဖော်ပြထားတဲ့ သတင်း

https://web.facebook.com/dmgnewsagency/posts/pfbid0yFirmshfJYzAzN8TrwDbGbb3RM9j52A7maM7JHchguyd1kNAYchdNES92iW69ftPl

BBC သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်း

https://www.bbc.com/burmese/articles/cevqq245k29o?fbclid=IwAR1eq_wTj4Bl7XgrGeit1Y07iM6OksLx0y5ntFjKqOidmlVRi7fIOVp0_CI

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.