January 16, 2024

ရခိုင်မှာ ဒေသခံနေအိမ် ၈၀ ကျော် စစ်တပ် မီးရှို့ဖျက်ဆီး၊ အရပ်သား ၂ ဦး သတ်ဖြတ်ခံရ

စစ်တွေ၊ ဇန်နဝါရီ ၁၆ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူ ၂ ဦးကို သတ်ဖြတ်သွားပြီး ဒေသခံနေအိမ်အလုံး ၈၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ တောကန်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။…

ကယားပြည်နယ်နေ့ အခမ်းအနားကို အခန်းကျဉ်းတစ်ခုအတွင်း စစ်ကောင်စီ အကျဉ်းချုံးကျင်းပ

လွိုင်ကော် ၊ ဇန်နဝါရီ ၁၆ ပြည်နယ်နေရာအနှံ့တိုက်ပွဲတွေအပြင် လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွေကြောင့် ဒီနှစ်မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို စစ်ကောင်စီက လွိုင်ကော်မြို့မှာ အကျဉ်းချုံးကျင်းပခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ကျရောက်တဲ့ ကယားပြည်နယ်နေ့အခမ်းအနားကို လွိုင်ကော် လေဆိပ်အနီး နောင်ယားရပ်ကွက်မှာရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ အခန်းကျဉ်းတစ်ခုအတွင်း လူ ၁၅၀ လောက်နဲ့…

KNU သိမ်းပိုက်ထားတဲ့ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

မြဝတီ၊ ဇန်နဝါရီ ၁၆ ကရင်အမျိုးသားအစည်းအရုံး KNU တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ် မြဝတီမြို့အနီးက လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ KNLA တော်လှန်ရေးအင်အားစုအဖွဲ့တွေ သိမ်းပိုက်စိုးမိုးထားတဲ့ လက်ခတ်တောင်စခန်းကုန်းကို ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်မှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး…

ပေါက်တောမှာ စစ်တပ်ကရွာကိုမီးရှို့ပြီး ရက္ခိုင့်တပ်တော် AA ကိုအပြစ်ဖို့သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ရခိုင်ပြည်နယ်၊ပေါက်တောမြို့ တောင်ဘူးကျေးရွာကို စစ်တပ်ကဝင်ရောက်လာစဉ် AA က ရွာကို မီးရှို့ထွက်ပြေးတယ်ဆိုပြီး သတင်းမှားဖြန့်နေတဲ့အကြောင်းကို ဒီနေ့မှာစိစစ်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ Ko Thet၊ကျော်စွာ၊ရဲဘညွန့်နဲ့ ဟန်ငြိမ်းဦးတို့မှာ…

မွန်ပြည်နယ် ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ထပ်မံသေဆုံး

ကျိုက်မရော၊ ဇန်နဝါရီ ၁၆ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဆေးကုသခွင့် အပြည့်အဝ မရတာကြောင့် နိုင်ငံရေးအကျဉ်းသား တစ်ဦး ထပ်မံသေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင် ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် မီးသတ်တပ်ဖွဲ့ဝင် CDM ဝန်ထမ်းတစ်ဦးလည်းဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်ဟာ ဇန်နဝါရီ ၁၅ ရက်နေ့ ည ၁၀…

သံဖြူဇရပ်မှာ ရဲဝန်ထမ်းဟောင်းတစ်ဦးအပါအဝင် ဒေသခံ ၅ ဦးထက်မနည်း ထပ်မံဖမ်းဆီးခံရ

သံဖြူဇရပ်၊ ဇန်နဝါရီ ၁၆ မွန်ပြည်နယ် သံဖြူဇရပ်မြို့ပေါ်မှာ ဇန်နဝါရီဒုတိယအပတ်အတွင်း ရဲဝန်ထမ်းဟောင်းတစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ထက်မနည်း ထပ်မံဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက်နေ ရဲဝန်ထမ်းဟောင်းဖြစ်တဲ့ ကိုဝတုတ်ကို နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ဇန်နဝါရီ ၁၁…

စစ်အာဏာသိမ်း (၁၀၇၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၆၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၆ AAPP ရဲ့ ဇန်နဝါရီ (၁၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၇၉) ရက်အတွင်း ပြည်သူ (၄၃၆၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၈၁၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၉၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ဒေသမှာ လုံခြုံရေးအလေးနက်ထား လုပ်ဆောင်သွားမယ်လို့ မွန်ပြည်သစ်ပြော

ရေးချောင်းဖျား ၊ ဇန်နဝါရီ ၁၆ ဝါရင့်မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီက မွန်ဒေသတွင်း ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကောင်းမွန်လာဖို့ နည်းလမ်းအမျိုးမျိုးရှာပြီး အလေးနက်ထား လုပ်ဆောင်သွားမယ်လို့ ညီလာခံအပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကနေ အခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့အထိ ပါတီရဲ့ဗဟိုဌာနချုပ် ရေးချောင်းဖျားမှာ ပြုလုပ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံအပြီးမှာ…

ချောင်းနှစ်ခွဒေသကို အချိန်မရွေး ပြန်လည်သိမ်းပိုက်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေပြော

ကျိုက်မရော၊ ဇန်နဝါရီ ၁၆ မြန်မာစစ်တပ်သမိုင်းမှာ ရက်ပေါင်း ၅၀ ကြာ ခုခံပြီးပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂုဏ်ယူနေတဲ့ ချောင်းနှစ်ခွဒေသကို၂၄ နာရီအတွင်း အချိန်မရွေး ပြန်လည်သိမ်းပိုက်နိုင်တယ်လို့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F တပ်မှူးနဲ့ Lion Battalion Commando စစ်ကြောင်းမှူးတို့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့က ကရင်ပြည်နယ်နဲ့…

ပြည်တွင်းရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်လာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၆ နှစ်အစမှာ ဈေးငြိမ်နေတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဇန်နဝါရီဒုတိအပတ်အတွင်း မီးလင်းအခေါက် ရွှေ တစ်ကျပ်သားကို ကျပ် ၃၇ သိန်း ၇သောင်းကျော်အထိ ဈေးနှုန်း ထပ်မံမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံက သိရပါတယ်။ ၂၀၂၄ ခုနှစ် နှစ်အစဖြစ်တဲ့ ဇန်နဝါရီပထမအပတ်တွင်း တစ်ကျပ်သား ကျပ် ၃၇ သိန်းကျော်သာရှိတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဇန်နဝါရီဒုတိယအပတ်ကစပြီး တစ်ရက်လျှင် ကျပ်တစ်သောင်းနှုန်း…