မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဝန်းသိုမြို့က ဒေသခံ ၁၉ ဦးကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ပြီးနောက် PDF တွေ လုပ်တယ်ဆိုပြီး အပြစ်ဖို့ သတင်းမှားဖြန့်နေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့ ကျော်စွာ၊တပ်မတော်ချစ်သူများ၊ရဲဘညွန့်နဲ့ ဟန်ငြိမ်းဦး အစရှိတဲ့ တယ်လီဂရမ်ချန်နယ်တွေက ဇန်နဝါရီလ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ကြ တာပါ။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း၊ဝန်းသိုမြို့နယ်အခြေစိုက် ခမရ ၁၂၀ တပ်က စစ်ကောင်စီတပ်သား တွေဟာ ကောလင်းနဲ့ ဝန်းသိုမြို့နယ်က အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သား ၁၉ ဦးကို အစု လိုက်အပြုံလိုက်သတ်ဖြတ်သွားတာဖြစ်တယ်လို့ Kawlin Revolution – KR အဖွဲ့နဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေက ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ၁၅ နှစ်အရွယ်အမျိုးသားကလေးငယ်တစ်ဦးပါဝင် ပြီး ကျန်ရုပ်အလောင်းတွေမှာလည်း ခြေကျင်းဝတ်နဲ့လက်ကောက်ဝတ်တွေမှာ ကြိုနဲ့ချည်နှောင် ထားတာတွေ့ရှိရသလို ပစ်ခတ်မှုအနီးဝန်းကျင်မှာလည်း စစ်တပ် ကပစ ထုတ် ၅ ဒသမ ၅၆ ကျည်ခွံတွေ တွေ့ရှိထားရတယ်လို့ Kawlin Revolution – KR နဲ့ Mizzima သတင်းဌာနတွေရဲ့ ထုတ်ပြန်ရေးသားချက်တွေကို စိစစ်တွေ့ရှိထားရပါတယ်။ 

Kawlin Revolution – KR အဖွဲ့ရဲသတင်းထုတ်ပြန်ချက်

https://m.facebook.com/story.php?story_fbid=pfbid0hkhmDoodSqVdcauzhatAR3cTSAXfCwpn99V2pRo4EsvJiMvqhw1tE6g33McV3rYYl&id=100076334108686&mibextid=Nif5oz

Mizzimaသတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://m.facebook.com/story.php?story_fbid=pfbid0aDXzRHxhLuenamFSVZFrDZVqHpgBwXuvTA58iVtJgvbVmmsFVLjKWdj58pBKWiufl&id=100067928020493&mibextid=Nif5oz

People’s springသတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://m.facebook.com/story.php?story_fbid=pfbid02Z2Wj1z4yBV6x2qYHPQYyXcdquYn8pMyDSPFat2p3cfcaG9z1Dm9KT1jTBtCK42fql&id=100065664033865&mibextid=Nif5oz

ဒီအချက်တွေကြောင့် ဝန်းသိုမြိုက ဒေသခံ ၁၉ ဦးသတ်ဖြတ်ခံခဲ့ရတာဟာ PDF လက်ချက် ကြောင့်ဆိုပြီး စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ် တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.