ကောလင်း၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း၊ ကောလင်မြို့ကို ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Kawlin Revolution-KR ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီနေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှစပြီး တော်လှန်‌ရေး အင်အားစုတွေ သိမ်းယူထားတဲ့ ကောလင်းမြို့ကို ဝန်သိုအခြေစိုက် ခမရ-၁၂၀ တပ်ရင်းမှ ဟောင်ဝစ်ဇာ လက် နက်ကြီးဖြင့် ၈ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကောလင်းမြို့အ‌ရှေ့ဈေးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား၁ဦးနဲ့ အမျိုးသမီး ၅ ဦး သေဆုံးခဲ့တဲ့အပြင် ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Kawlin Revolution-KRက ထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှာ တော်လှန်ရေးအင် အားစုတွေက တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်အောက်ကနေ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေတဲ့ မြို့လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ နေ့ကလည်း ဝန်သိုအခြေစိုက် စစ်ကောစီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်မော်ကျေးရွာရှိ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁ လုံး မီးလောင်ပျက်ဆီးခဲ့တယ်လို့ Kawlin Revolution-KR ကထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Kawlin Revolution-KR

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.