ဖယ်ခုံ – ဒီဇင်ဘာ ၃၀
ကရင်နီပြည်နယ်၊ဖယ်ခုံမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ရွှေပြည်အေးနဲ့ လွယ်ပတာ စခန်းကုန်း တွေကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃၊၂၄၊၂၅ ရက်နေ့တွေမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ပူးပေါင်းစစ်ဆင် မှုနဲ့ သိမ်းပိုက်ရရှိခဲ့တာပါ။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဖယ်ခုံမြို့ အဝင်နဲ့အထွက်နေရာတွေကို ထိန်းချုပ်ထားပြီး မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေတယ်လို့ အသိပေးထားပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေလည်း လုံခြုံဘေးကင်းစေဖို့အတွက် မိမိတို့ရဲ့ နေအိမ်တွေကို ပြန်လည်ဝင်ရောက်နေထိုင်တာတွေ မပြုလုပ်သေးဖို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ စစ်ဆင်ရေးမှာ အလယ်ပိုင်းတိုင်း စစ်ဌာန၊ရှမ်းတောင်စစ်ဒေသ(ခွဲ) ဗျူဟာ ၁ ရဲ့ ၁၀၀၁(MB PDF-1)၊၁၀၀၂ (PK PDF -1)၊၁၀၀၀၄ (PKS PDF) ၊၁၀၀၆ (PK PDF-2)၊ ၁၀၀၇ (MB PDF -2)၊KNDF ဗျူဟာ ၁ ရဲ့B-03၊ B-11 နှင့် B-22၊ မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front U.R.F)၊ ဗျူဟာ (၂)နဲ့ ၁၀၀၃ တပ်ရင်း၊ ၁၀၀၈ SSRY တပ်ရင်းနဲ့ ၁၀၀၉ IPDF တပ်ရင်းတို့ ပါဝင်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOD