မြိတ်၊ ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တဂံကျေးရွာရှိ စစ်ကောင်စီရဲ့ ငွေကြေးကောက်ခံရေး တိုးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။
အဲဒီတိုးဂိတ်ကို ဒီဇင်ဘာ ၂၈ ရက် ည ၁၂ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေး ပူပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
တိုးဂိတ်စီးနင်းမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထွက်ပြေးလွတ်မြောက်သွားပြီး ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၄ ဦးဟာ စစ်ကောင်စီတပ်သား မဟုတ်ဘဲ စစ်ကောင်စီကငှား ရမ်းပြီး ငွေကြေးကောက်ခံနေတဲ့ အရပ်သားပြည်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီအဖွဲ့ဝင် အရပ်သား ၄ ဦးကို လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေ လုပ် ဆောင်ခဲ့ပြီး သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့တကွ ပြန်လည်လွတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တောပုံးကြီး ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (တနင်္သာရီ-ပကဖ)၊ အရိပ်ပြောက်ကျားအဖွဲ့(ပုလော-ပကဖ)နဲ့ တနင်္သာရီတိုင်း လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
မြိတ်မြို့နယ်မှာ အခုလပိုင်းကစပြီး အင်အားချိနဲ့လာတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကို လုံခြုံရေးအတွက် နေ့စားပေးပြီး ငှားရမ်းအသုံးပြုတာတွေ လုပ်ဆောင်နေသလို ကော့သောင်းမြို့နယ်မှာ အလားတူလုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Myeik PDF