သထုံ၊ ဒီဇင်ဘာ ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာအုပ်စုရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းရဲ့ ကျောင်းပိုင်ငွေကျပ် ၁၇ သိန်းနဲ့ဖုန်းတစ်လုံးကို စစ်ကောင်စီတပ်က လာရောက်ယူဆောင်သွားတယ်လို့ KNU သထုံခရိုင်က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သထုံအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၉) ခြေမြန်တပ်ရင်းက အင်အား ၃၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ လင်းရောင်ခြည်ဘုန်းကြီးကျောင်းထဲ ရောက်ရှိလာပြီး ကျောင်းပိုင်ငွေကျပ် ၁၇ သိန်း၊ ဖုန်းတစ်လုံးအပါအဝင် အစားသောက်စရာတချို့ လာရောက်ယူ ဆောင်သွားတာပါ။

ဘုန်းကြီးကျောင်းပိုင်ပစ္စည်းတွေ ယူဆောင်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆရာတော်ထံ ခွင့် ပြုချက်တောင်းခံတာမရှိဘဲ သူတို့သဘောအတိုင်း ကျောင်းအတွင်းဝင်ရောက်လာပြီး လိုက်လံရှာဖွေယူဆောင်သွားတယ်လို့ KNU သထုံမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘုန်းကြီးကျောင်းရှိ သာသနာပိုင်ငွေကြေးတွေနဲ့ပစ္စည်းတွေကို ယူ ဆောင်သွားပေမယ့် ကျောင်းနေသံဃာတွေနဲ့ကိုရင်တွေကိုတော့ ဘာမှမလုပ်သွားဘူးလို့ ဆိုပါတယ်။

လင်းရောင်ခြည်ဘုန်းကြီးကျောင်းဟာ ကျောင်းထိုင်းဆရာတော်အပါအဝင် ကျောင်းနေသံဃာ၊ ကို ရင် ၇ ပါးသာရှိတယ်လို့ သိရပါတယ်။

အဲဒီနေ့ မနက်ပိုင်းနဲ့ ညနေပိုင်းမှာလည်း သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဟာ ဝီယော်ကျေး ရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာတွေထဲကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာထဲကို မကြာခဏ လက်နက် ကြီး ပစ်ခတ်ရုံသာမက စစ်ကြောင်းသွားတဲ့ နေရာဒေသရှိ ပြည်သူလူထု၊ သာသနာပိုင်ပစ္စည်းဥစ္စာတွေကို အဓမ္မရယူတာ၊ ခိုးယူမှုနဲ့ ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.