ဘေရွတ်၊ ဒီဇင်ဘာ ၃၀

လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ လူငယ်တစ်စုက သူတို့ရွာတွင်းသို့ ကုလကင်းလှည့်ယာဉ်တန်းဖြတ်သန်းမှုကို တား ဆီးဖို့ကြိုးစားခဲ့ရာမှာ ကုလငြိမ်းချမ်းရေးထိန်းတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂမစ်ရှင်က ကြာ သပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

Taybeh ရွာက ဒေသခံတွေဟာ အဲဒီနေရာကို ဖြတ်သန်းသွားလာနေတဲ့ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့တွေရဲ့ လှည့်ကင်းတွေကို ခေတ္တပိတ်ဆို့မှုပြုလုပ်ချိန်မှာ ဖြစ်ပွားခဲ့တာလို့ လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ UNIFIL က ထုတ်ပြန်ခဲ့ပါတယ်။

ဒဏ်ရာရရှိသူမှာ အင်ဒိုနီးရှားနိုင်ငံသား စစ်သားတစ်ဦးဖြစ်ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်းလည်း UNIFIL က ပြောကြားခဲ့ပါတယ်။

လက်ဘနွန်အာဏာပိုင်တွေအနေနဲ့ အဲဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ ကျူးလွန်သူတွေကို တရားမျှတ မှုပေးဖို့အတွက် UNIFIL က တောင်းဆိုခဲ့ပါတယ်။

ဒီဇင်ဘာ၂၉ရက် မနက်ပိုင်းမှာပဲ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကို UNIFIL ရဲ့အရှေ့ဘက်ဌာနချုပ်သို့ သွားလာခွင့်ကို ဒေသခံတွေက ထပ်မံပိတ်ဆို့ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုပြီးခဲ့တဲ့နောက်မှာ သွားခွင့်ပေးလိုက်တယ်လို့ UNIFIL ပြောရေးဆိုခွင့်ရှိသူ Kandice Ardiel က ပြောကြားခဲ့ပါတယ်။

လက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ်တစ်ခုကတော့ အမျိုးသားတစ်စုက UNIFIL ယာဉ်တွေကို တုတ်၊ ကျောက် ခဲတွေနဲ့ပစ်ပေါက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် အရင်တုန်းကဖြစ်ရပ်တွေမှာလည်း ဒေသခံပြည်သူတွေက UNIFIL ငြိမ်းချမ်းရေးစောင့်တပ်တွေကို လူနေရပ်ကွက်တွေအတွင်းမှာ စစ်ယာဉ်တွေမောင်းနှင်ခြင်မပြုလုပ်ခဲ့ဖို့ ကန့်ကွက်ခဲ့ဖူးပါတယ်။

လက်ဘနွန်တောင်ပိုင်းမှာ လုံခြုံရေးကို ထိန်းချုပ်ထားတဲ့ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ လက်နက် ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာကတော့ ဒီဖြစ်စဉ်အတွက် မှတ်ချက်တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိပါဘူး။

ဂါဇာကမ်းမြောင်မှာရှိတဲ့ အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲတွေကြောင့် လာဘနွန်တည်ရှိတဲ့ ဧရိယာတွေအတွင်းမှာ တင်းမာမှုတွေမြင့်တက်နေပါတယ်။

အဲဒီဧရိယာတစ်ဝိုက်မှာ တိုက်ပွဲများ ပြင်းထန်လာချိန်မှစပြီး ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ သေဆုံးမှု မရှိခဲ့သေးပေမယ့် သီးခြားဖြစ်ရပ်နှစ်ခုမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

 UNIFIL တည်ရှိရာရုံးတွေ၊ အခြေစိုက်စခန်းတွေကို မော်တာကျည်ဆံပစ်ခတ်မှုကြောင့် အကြိမ်ပေါင်းများစွာ ထိမှန်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့ဲတဲ့ ၂၀၂၂ခုနှစ်တုန်းကလည်း လက်ဘနွန်တောင်ပိုင်းကိုဖြတ်သွားစဉ် အိုင်ယာလန်ငြိမ်းချမ်းရေးတပ်ဖွဲ့ ဝင်တစ်ဦး မောင်းနှင်လာတဲ့ ကုလသမဂ္ဂယာဉ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပါသေးတယ်။

Ref- Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.