အန်ကာရာ၊ ဒီဇင်ဘာ ၃၀
ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ နာဇီတွေက ဂျူးတွေကို လုပ်ဆောင်ပုံနဲ့ တူညီနေတဲ့အတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာဟာ ဟစ်တလာနဲ့ ထူးမခြားနားဘူးလို့ တူရကီသမ္မတ အာဒိုဂန်က စွပ်စွဲလိုက်ပါတယ်။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် ပြည်နယ်နှစ်ရပ်ဖြေရှင်းချက်ကို အားပေးတဲ့ တူရကီက ဂါဇာကို အစ္စရေးရဲ့ လေကြောင်းအပြင် မြေပြင်ထိုးစစ်တွေနဲ့ပတ်သက်ပြီး အကြမ်းဖက်နိုင်ငံ အဖြစ် သတ်မှတ်ကာ နိုင်ငံ့ခေါင်းဆောင်တွေကိုလည်း နိုင်ငံတကာတရားရုံးတွေမှာ စစ်ဆေးဖို့ တောင်းဆိုထားပါတယ်။
ဂါဇာကမ်းမြောင်တိုက်ပွဲတွေကြောင့် ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေ ကို တူရကီနိုင်ငံက ကြိုဆိုမှာဖြစ်သလို အစ္စရေးကိုထောက်ခံတဲ့ အနောက်နိုင်ငံတွေကိုလည်း စစ်ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်နေသူတွေဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
“သူတို့က ဟစ်တလာမကောင်းကြောင်း ပြောဖူးကြတယ်၊ ဟစ်တလာနဲ့ ဘာကွာခြားလဲ။ သူတို့က ငါတို့ကို ဟစ်တလာကို အမှတ်ရစေအောင် လုပ်နေတာဖြစ်တယ်၊ ဒီနေတန်ယာဟုက ဟစ်တလာ လုပ်ခဲ့တာထက် နည်းတာရှိလို့လား” လို့ တူရကီသမ္မတ အာဒိုဂန်က ပြောခဲ့ပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး နေတန်ယာဟုက တူရကီသမ္မတဟာ အစ္စရေးကို ပညာပြတဲ့ နောက်ဆုံးလူဖြစ်သင့်တယ်လို့ တုံ့ပြန်ထားပါတယ်။
“ကာ့ဒ်တွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တဲ့ အာဒိုဂန်ဟာ သူ့ရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှုတွေကြောင့် ကမ္ဘာ့စံချိန်တင်ထားသူဖြစ်ပါတယ်”လို့ နေတန်ယာဟုက တုံ့ပြန်ပါတယ်။
အစ္စရေးအပေါ်ဝေဖန်မှုတွေရှိနေပေမယ့် တူရကီဟာ စီးပွားရေးအရ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားတာကြောင့် အတိုက်အခံပါတီတွေနဲ့ အီရန်တို့က အာဒိုဂန်ကို ဝေဖန်နေကြပါ တယ်။
ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဟားမတ်စ်ရဲ့ အောက်တိုဘာလ ၇ ရက်နေက လူပေါင်း ၁၂၀၀ သေဆုံးခဲ့တဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုအပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ စစ်ပွဲကို စတင်ဖို့ လှုံ့ဆော်ပြီးနောက် တူရကီနဲ့ အစ္စရေးတို့ရဲ့ ကုန်သွယ်မှုတွေ သိသိသာသာ ကျဆင်းသွား ခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးနိုင်ငံနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဟားမတ်စ်အဖွဲ့ကို တူရကီဘက်က အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ထားတာမရှိဘူးလို့ သိရပါတယ်။
Ref: Asiaone