December 29, 2023

လက်ဘနွန်မှာ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ယာဉ်တန်း တားဆီးပိတ်ဆို့ခံရ

ဘေရွတ်၊ ဒီဇင်ဘာ ၃၀ လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ လူငယ်တစ်စုက သူတို့ရွာတွင်းသို့ ကုလကင်းလှည့်ယာဉ်တန်းဖြတ်သန်းမှုကို တား ဆီးဖို့ကြိုးစားခဲ့ရာမှာ ကုလငြိမ်းချမ်းရေးထိန်းတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂမစ်ရှင်က ကြာ သပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ Taybeh ရွာက ဒေသခံတွေဟာ အဲဒီနေရာကို ဖြတ်သန်းသွားလာနေတဲ့ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့တွေရဲ့ လှည့်ကင်းတွေကို ခေတ္တပိတ်ဆို့မှုပြုလုပ်ချိန်မှာ ဖြစ်ပွားခဲ့တာလို့ လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ UNIFIL က ထုတ်ပြန်ခဲ့ပါတယ်။…

တူရကီသမ္မတက နေတန်ယာဟုကို ဟစ်တလာနဲ့ ခိုင်းနှိုင်းဝေဖန်

အန်ကာရာ၊ ဒီဇင်ဘာ ၃၀ ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ နာဇီတွေက ဂျူးတွေကို လုပ်ဆောင်ပုံနဲ့ တူညီနေတဲ့အတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာဟာ ဟစ်တလာနဲ့ ထူးမခြားနားဘူးလို့ တူရကီသမ္မတ အာဒိုဂန်က စွပ်စွဲလိုက်ပါတယ်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် ပြည်နယ်နှစ်ရပ်ဖြေရှင်းချက်ကို အားပေးတဲ့ တူရကီက ဂါဇာကို အစ္စရေးရဲ့ လေကြောင်းအပြင် မြေပြင်ထိုးစစ်တွေနဲ့ပတ်သက်ပြီး အကြမ်းဖက်နိုင်ငံ အဖြစ် သတ်မှတ်ကာ နိုင်ငံ့ခေါင်းဆောင်တွေကိုလည်း…

ရှမ်းမြောက်ရှိ တရုတ်နိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ တရုတ်သံရုံးသတိပေး

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာကြဖို့ ရန်ကုန်အခြေစိုက် တရုတ်သံရုံးက သတိပေးလိုက်ပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊TNLA နဲ့ AA တို့ဟာ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့အောက် တိုဘာလက စပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ တရုတ်နိုင်ငံနဲ့ အဓိကကုန်သွယ်ရေးနယ်စပ်မြို့တွေနဲ့ မြို့အတော်များများကို သိမ်းပိုက်ထားနိုင်ခဲ့…

မြိုင်မှာ ရဲသုံးဦးကို တော်လှန်ရေးတပ်ဖွဲ့တွေ အရှင်ဖမ်းဆီးရမိ

မြိုင် – ဒီဇင်ဘာ ၂၉ မကွေးတိုင်း၊မြိုင်မြို့နယ်ကို ကင်းထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးကို ဖမ်းဆီးရမိထားတယ်လို့ မြိုင် ပ.က.ဖ က သတင်းထုတ်ပြန်ထားပါတယ်။ မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ ခလရ ၂၅၁ ထောက်ပို့ယာဉ်တန်းနဲ့အတူ ပါလာတဲ့ ရဲ ၃ ဦးဟာ ကင်းထွက်ရင်းလမ်းမှားရောက်ရှိလာပြီးနောက် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညပိုင်းက…

လောင်းလုံးမှာ စစ်တပ်ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ လူငယ်တစ်ဦး ၁၀ ရက်အကြာမှာသေဆုံး

လောင်းလုံး၊ ဒီဇင်ဘာ ၂၉ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးဟာ ဆေးရုံတက်ရောက်ကုသပြီး ၁၀ ရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က လူငယ်မောင်ကံရှိန်ဟာ မိသားစုနဲ့အတူ ထားဝယ်မြို့ကနေ ဂေါ့အင်းကျေးရွာကို ဆိုင်ကယ်နဲ့လာစဉ် လမ်းမှာစစ်ကောင်စီ စစ်ကြောင်းနဲ့တိုးပြီး…

သထုံမှာ ဘုန်းကြီးကျောင်းပိုင် ငွေကျပ် ၁၇ သိန်းနဲ့ ဖုန်းတစ်လုံး စစ်တပ် အဓမ္မလာယူသွား

သထုံ၊ ဒီဇင်ဘာ ၂၉ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာအုပ်စုရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းရဲ့ ကျောင်းပိုင်ငွေကျပ် ၁၇ သိန်းနဲ့ဖုန်းတစ်လုံးကို စစ်ကောင်စီတပ်က လာရောက်ယူဆောင်သွားတယ်လို့ KNU သထုံခရိုင်က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သထုံအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၉) ခြေမြန်တပ်ရင်းက အင်အား ၃၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ လင်းရောင်ခြည်ဘုန်းကြီးကျောင်းထဲ…

စစ်အာဏာသိမ်း (၁၀၆၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၇၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၂၉) AAPP ရဲ့ ဒီဇင်ဘာ(၂၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၆၁) ရက်အတွင်း ပြည်သူ (၄၂၇၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၆၄၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၉၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

မွန်လူငယ်တွေ တော်လှန်ရေးထဲ ပါဝင်လာကြဖို့ မွန်တော်လှန်ရေးအဖွဲ့တွေတိုက်တွန်း

ထန်းပင်ချောင်ကြီး၊ ဒီဇင်ဘာ ၂၉ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်လာကြမယ့် မွန်လူငယ်တွေကို အမျိုးသားရေးတာဝန်ထမ်းဆောင်ဖို့ မွန်လူငယ်ဆုံရပ်အပါအဝင် မွန်တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၁၂ ကြိမ်မြောက် မွန်လူငယ်နေ့မှာ ကြေညာချက်တွေထုတ်ပြန်ပြီး တိုက်တွန်းခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ၂၈ ရက်နေ့မှာ ခေတ်ပညာတတ် မွန်လူငယ်တွေစုဖွဲ့ပြီး မွန်လူငယ်ညီလာခံကျင်းပခဲ့တာကိုအစွဲပြုပြီး ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့တဲ့ မွန်လူငယ်တွေ့ဆုံပွဲကနေ မွန်လူငယ်နေ့ကို…