တိုင်ပေ၊ ဒီဇင်ဘာလ ၂၆

တရုတ်ဂျက်တိုက်လေယာဉ် ၈ စင်းနဲ့ ထောက်လှမ်းရေး ဘောလုံး ၁ လုံးဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ရဲတပ်ဖွဲ့က ပြောပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်လောက်တည်းက ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်စစ်တပ်က စစ်ရေးလှုပ်ရှား မှုတွေ ပြုလုပ်နေသလို ကျွန်းကိုလည်း သူတို့ရဲ့ပိုင်နက်အဖြစ် တောင်းဆိုနေတာပါ။

၁၃ ကြိမ်မြောက် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့ အမျှ ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်ရဲ့ လှုပ်ရှားမှုတွေ အရှိန်မြှင့်ဆောင်ရွက်လာနေတယ်လို့ သိရပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက J-10 J-11 J-16 အမျိုးအစားဂျက်ဖိုက်တာ လေယာဉ်တွေဟာ ရေလက်ကြားနဲ့ မြောက်ဘက်နဲ့ အလယ်ပွိုင့်မှာရှိတဲ့ နယ်စပ်မျဉ်းတွေကို ဖြတ်ကျော်ပျံသန်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီကြားခံလိုင်းကို တရားမဝင်အတားအဆီးအဖြစ် တချိန်က မှတ်ယူခဲ့ကြပေမယ့် တရုတ် လေယာဉ်တွေပုံမှန်ပျံသန်းနေတဲ့အတွက် ထိုင်ဝမ်ဘက်ကလည်း သူတို့ရဲ့တပ်ဖွဲ့ကို စောင့်ကြည့်ဖို့ လွှတ်ထားတယ်လို့ သိရပါတယ်။

ထိုင်ဝမ်မြောက်ပိုင်း ကီလွန်ဆိပ်ကမ်းမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၉၇ မိုင်အကွာနဲ့ အမြင့်ပေ ၂၀၀၀၀ နီးပါးမှာ အလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မီးပုံးပျံကို တွေ့ရှိခဲ့ပြီး အရှေ့ဘက်ကို ဦးတည်သွားကာ တစ်နာရီအကြာမှာ ပျောက်ကွယ်သွားတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

တရုတ်ထောက်လှမ်းရေးဘောလုံးကို အမေရိကန်ပြည်ထောင်စုက ပစ်ချလိုက်ချိန်ကစပြီး တရုတ်ဟာ သူလျှိုလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် ဘောလုံးတွေကို အသုံးပြုလာတာဟာ ကမ္ဘာ့ပြဿနာဖြစ်လာတယ်လို့ ဆိုနေကြပါတယ်။

ဒါပေမယ့် တရုတ်ကတော့ အဲဒီဘောလုံးတွေဟာ လမ်းချော်ပြီး သက်ဆိုင်ရာ နယ်နိမိတ်တွေထဲကို ဝင်ရောက်သွားတဲ့ အရပ်ဘက်သုံးယာဉ်တွေသာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

Ref – Channel News Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.