မြောက်ဦး – ဒီဇင်ဘာ ၂၅

နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရခိုင်ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းပြသထားတဲ့ မြောက်ဦးပြတိုက်ကို စစ်ကောင်စီကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြတိုက်ရဲ့၈၀ရာခိုင်နှုန်းကျော် ပျက် စီးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးပြတိုကလို့ လူသိများတဲ့ နန်းတော်ရာပြတိုက်ကို ဒီဇင်ဘာ ၂၄ရက် ညသန်းခေါင်ဝန်းကျင် အချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။

“ရှေးဟောင်းယဉ်ကျေးမှုတွေ ပါသွားတယ်။ ပြန်အဖတ် ဆယ်လို့ ဘယ်လိုမှမရတော့ဘူး။ တန်ဖိုးအားဖြင့် ပြောပြဖို့ခက်ပါတယ်။ ခေါင်မိုးပေါ်ကနေ လက်နက် ကြီးကျတာ။ ပြတိုက်ကတော့ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးပြီလို့ ပြောရမယ်။ ပစ္စည်းပျက်ဆီးမှုစာရင်းနဲ့ စုစုပေါင်းတန် ဖိုးကိုတော့ ကျွန်တော်တို့ ပြောဖို့ခက်ပါတယ်ခင်ဗျ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြောက်ဦးမြို့မှာ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်း တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းကတည်းက ဒီဇင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခန့်အထိ လက် နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် မြောက်ဦးရှေး ဟောင်းယဉ်ကျေးမှုပြတိုက်အပါအဝင် ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မြောက်ဦးရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုပြတိုက်ဟာ ညောင်ပင်ဈေးရပ် ကွက်၊ နန်းရာကုန်းရဲ့ ပထမ ထပ်မှာ ရှိတာဖြစ်ပါတယ်။

အဲဒီ ပြတိုက်ဟာ ၁၉၆၅ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ အသစ်ပြန်လည်ပြုပြင်ခဲ့တာပါ။

ပြတိုက်မှာ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်နဲ့ မြောက်ဦးခေတ်ဆိုတဲ့ ခေတ်လေးခေတ်ရဲ့ သ မိုင်းဝင်ပုံရိပ်တွေကို ပြသထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.