December 24, 2023

စစ်ကောင်စီကို အကျိုးပြုနေတဲ့ UMFCCI ကိုဖျက်သိမ်း

မော်လမြိုင် -​ ဒီဇင်ဘာ ၂၄ အာဏာသိမ်းစစ်ကောင်စီကို အကျိုးပြုနေတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ကို ဖျက်သိမ်းလိုက်တယ်လို့ NUG အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ UMFCCI ဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊စစ်ရာဇဝတ်ကျူးလွန်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ငွေကြေး ထောက်ပံ့ကူညီတာ၊ပူးပေါင်းဆောင်ရွက်တာတွေ လုပ်နေတယ်လို့ NUG က ဆိုထားတာပါ။…

လောင်းလုံးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေ၊ PDF ရဲဘော် ၂ ဦး ကျဆုံး

လောင်းလုံး၊ ဒီဇင်ဘာ ၂၄ တနင်္သာရီတိုင်း၊လောင်းလုံးမြို့ပေါ် မှာ ဖြစ်ပွားခဲ့တဲ့ နှက်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာ လောင်းလုံးမြို့မှ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ဖို့…

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်နဲ့အလင်းဝင်မှု ပိုများလာ

မော်လမြိုင်၊ ဒီဇင်ဘာ ၂၄ နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် အခုဒီ ဇင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်နဲ့အလင်းဝင်မှု ပိုမိုများပြားလာတယ်လို့ CDM အသိုင်းအဝိုင်း ကနေ သိရပါတယ်။ တပ်အင်အားပြုန်းတီမှုနဲ့အတူ စိတ်ဓာတ်ရေးရာ အကြီးအကျယ် ကျဆင်းနေတဲ့ စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်း တိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးများလာတာ၊ စစ်ကောင်စီဘက်က ရိက္ခာနဲ့လက်နက်ခဲယမ်းတွေအပြင် စစ်ကူပေးနိုင်တော့တဲ့အတွက် လက်နက်နဲ့အလင်းဝင်မှုတွေ မြင့်တက်လာတာပါ။ အဲဒီထဲမှာ ပြီးခဲ့တဲ့…

မော်လမြိုင်မှာ စစ်ကောင်စီတပ်သားတွေ ဘေးကင်းဖို့ အသံမစဲပဋ္ဌာန်းပွဲ ၁၈ ရက်ကြာ ပြုလုပ်နေ

မော်လမြိုင်၊ ဒီဇင်ဘာ ၂၄ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီခန့် ဝန်ကြီးချုပ်နဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ဦးဆောင်ပြီး စစ်ကောင်စီတပ်သားတွေ ဘေးကင်းဖို့အတွက် အသံမစဲပဋ္ဌာန်းပွဲကို ၁၈ ရက်ကြာ ပြုလုပ်နေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ အဲဒီအသံမစဲပဋ္ဌာန်းပွဲကို ကနဦးမှာ မော်လမြိုင်မြို့ ရခိုင်ကုန်းရပ်ကွက်ရှိ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်မှာပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် သံဃာတော်တွေ လက်မခံတာကြောင့် ကျိုက်သလ္လံစေတီတော်ရင် ပြင်သို့ ပြောင်းရွှေ့ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။…

ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု နေအိမ်ရပ်ကွက်တွေ ဦးတည်ပစ်မှတ်ဖြစ် လာ

လောက်ကိုင်၊ ဒီဇင်ဘာ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်သုံးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ကနေ လေ ယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှု ပိုမိုပြုလုပ်လာသလို အရပ်သားနေအိမ်နဲ့ လူထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ MNDAA နဲ့ TNLA က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကိုးကန့်ဒေသထဲက လောက်ကိုင်မြို့အနီးတဝိုက်ရှိ လောက်ရှမ့်ထန်အပါအဝင် တအာင်းဒေသက မန်တုံမြို့၊ ကွတ်ခိုင်မြို့တွင်းနဲ့ အနီးတဝိုက်မှာ…

အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်ခံရတဲ့ သံဖြူဇရပ်ဒေသခံ ၁၀ ဦးအထိရှိလာ

သံဖြူဇရပ်၊ ဒီဇင်ဘာ ၂၄ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးအမှုဖွင့်ခံရသူ ၁၀ ဦးအထိ ရှိလာတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ ပကဖအဖွဲ့ဝင် ဦးမြသန်းကို ဖမ်ဆီးရမိပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…

IS အဖွဲ့နဲ့ ဆက်စပ်တယ်လို့ သံသယရှိသူ သုံးရာကျော်ကို တူရကီဖမ်းဆီး

အန်ကာရာ၊ ဒီဇင်ဘာ ၂၄ တူရကီရဲ့ခရိုင် ၃၂ ခုအတွင်း စစ်ဆင်ရေးတွေမှာ IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယရှိသူ ၃၀၄ ဦးကို တူရကီအာဏာပိုင်တွေက ထိန်းသိမ်းထားကြောင်း ပြည်ထဲရေးဝန်ကြီး အယ်လီရာလီကာရာက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ သံသယရှိသူအများစုကို တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့သုံးမြို့ဖြစ်တဲ့ အန်ကာရာ၊ အစ္စတန်ဘူလ်နဲ့ အစ္စမာတို့မှာ ထိန်းသိမ်းထားကြောင်း ဝန်ကြီးက သူ့ရဲ့…

ချင်းမိုင်မှာ တရုတ်နိုင်ငံသားတွေကို အမည်ခံပေးတဲ့ အိမ်ခြံမြေတွေ ချိပ်ပိတ်သိမ်းဆည်းခံရ

ချင်းမိုင်၊ ဒီဇင်ဘာ ၂၄ ထိုင်းနိုင်ငံမှာ ကိုဗစ်ကာလပြီးနောက် တရုတ်ရင်းနှီးမြှုပ်နှံသူတွေက ချင်းမိုင်အိမ်ခြံမြေဈေး ကွက်အတွင်း ဝင်ရောက်လာကြပြီး တရုတ်လူမျိုးတွေရဲ့ လိုလားချက်နဲ့ ကိုက်ညီမယ့် အိမ်ရာစီမံကိန်းတွေကို တည်ဆောက်လာကြပါတယ်။ ဟန်ဒေါင်နဲ့ ဆမ်ကမ်ဖဲ ခရိုင်တွေမှာ တရုတ်လူမျိုးတွေ ၁၀၀ ရာခိုင်နှုန်းနေထိုင်တဲ့ ရွာတွေထွက် ပေါ်လာပြီး တရုတ်ရင်းနှီးမြှုပ်နှံသူတွေ များပြားလာတာကြောင့် အမည်စာရင်းမှတ်ပုံတင်နိုင်ဖို့ ထိုင်းအမည်ခံ ကုမ္ပဏီတွေလည်း ထွက်ပေါ်လာပါတယ်။ ချင်းမိုင်အုပ်ချုပ်ရေးအဖွဲ့က အဲဒီပြဿနာတွေကို…

ရုရှားဘက်က တိုက်ခိုက်နေတဲ့ နီပေါနိုင်ငံသား ၇ ဦး သေဆုံး

ခတ္တမန္ဒု ၊ ဒီဇင်ဘာ ၂၄ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားဘက်က ဝင်ရောက်တိုက်ခိုက်ပေးနေတဲ့ နီပေါနိုင်ငံသား သေဆုံးသူ ၇ ဦးအထိရှိလာတဲ့အတွက် ရုရှားဘက်မှာ စစ်မှုဆက်မထမ်းကြဖို့နဲ့ နေရပ်ပြန်ပို့ပေးဖို့ တောင်းဆိုထားတယ်လို့ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နီပေါအစိုးရက သူတို့နိုင်ငံသား ၆ ဦးဟာ ရုရှားအတွက် တိုက်ခိုက်ပေးနေစဉ် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒီဇင်ဘာလ ပထမအပတ်က အတည်ပြုထားတာပါ။ ရုရှားစစ်တပ်အတွက်…