December 23, 2023

စစ်ကိုင်းတိုင်းမှာ ပျူစောထီးတွေ မိသားစုလိုက် လက်နက်ချအလင်းဝင်လာ

ရွှေဘို – ဒီဇင်ဘာ ၂၃ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအထိုင်စခန်းရှိ ပျူစောထီးတပ်ဖွဲ့ဝင်နှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသား စုတွေကိုပါ ခေါ်ဆောင်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တပ်ဆီကို လက်နက်ချအလင်းဝင်ခဲ့တယ်လို့ BRNAက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂၃ရက် နေ့နံနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ သီးလုံးပျူစောထီးစခန်းမှ ပျူစောထီးတပ်ဖွဲ့ဝင် နှစ်ဦးအပါအဝင် မိသားစုဝင် (၁၄)ဦးနဲ့အတူ…

သတင်းသမားတွေကို ကိုယ်စားပြုတဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီဖွဲ့စည်း

ဘန်ကောက် – ဒီဇင်ဘာ ၂၃ ထိုင်းနိုင်ငံတနေရာမှာ သတင်းသမားတွေကို ကိုယ်စားပြုတဲ့ လွတ်လပ်သော မြန်မာသတင်း မီဒီယာ ကောင်စီ (Independent Press Council Myanmar-IPCM) ကို ဖွဲ့စည်းလိုက်တယ်လို့ ကောင်စီ ဥက္ကဋ္ဌ နန်းဖော့ဂေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်းနိုင်ရေး ဒုတိယအကြိမ် ညီလာခံကို ပြီးခဲ့ တဲ့ ဒီဇင်ဘာလ ၂၀…

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

“စစ်တပ်ကလစာကောင်းကောင်း မပေးနိုင်လို့လား ဘာလားတော့ မသိဘူး။ ရွာထဲကိုဝင်ပြီးတော့ စစ်သားတွေက ဓားပြတိုက်စားဖို့ လုပ်နေတယ်။ ထမင်းတည်တဲ့ ထမင်းပေါင်းအိုးကအစ သူတို့ယူတယ်” အာဏာသိမ်း စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းမှာ အခုလကစပြီး ဒေသခံပြည်သူ့ နေအိမ်တွေထဲ ပေါ်ပေါ်တင်တင် ဝင်ရောက်လာပြီးနောက် ရွှေ၊ ငွေ၊ ဆိုင်ကယ်အပြင် တန်ဖိုးရှိ ပစ္စည်းတွေကို ဓားပြသဖွယ် အတင်းအဓမ္မယူဆောင်မှုတွေ ဆက်တိုက်ကျူးလွန်နေတာပါ။ အဲဒီထဲမှာ စစ်ကောင်စီတပ်…

ကော့ကရိတ်စစ်ရှောင်တွေကို အရေးပေါ်အခြေခံစားနပ်ရိက္ခာတွေ KNU ထောက်ပံ့

ကော့ကရိတ်၊ ဒီဇင်ဘာ ၂၃ ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU ဘားအံခရိုင် တပ်မဟာ ၇ နယ် မြေထဲ တိမ်းရှောင်ရောက်ရှိလာတဲ့ စစ်ရှောင် ၁၀၀၀၀ ကျော်ကို ထောက်ပံ့ကူညီပေးမှုတွေ လုပ် ဆောင်ခဲ့တယ်လို့ KNU ဗဟိုက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့ပေါ်မှာ…

စစ်အာဏာသိမ်း (၁၀၅၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၆၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ(၂၃) AAPP ရဲ့ ဒီဇင်ဘာ(၂၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၅၅) ရက်အတွင်း ပြည်သူ (၄၂၆၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၆၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၉၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

ကံပေါက်ဒေသခံ အမျိုးသမီးနှစ်ဦး ထပ်မံဖမ်းဆီးခံရ

ရေဖြူ၊ ဒီဇင်ဘာ ၂၃ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်အခြေစိုက် စစ်ကောင်စီရဲ့ မောရဝတီရေတပ်စခန်းဌာနချုပ် တိုက် ခိုက်ခံရပြီးနောက် နောက်ထပ်ဒေသခံအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်ကနေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ အိမ်စီးကားတွေနဲ့ဝင်ရောက် လာပြီးနောက် ကံပေါက်ကျေးရွာအုပ်စု လှည်းကုန်း အမှတ်(၂) ရပ်ကွက်နေ ဒေသခံတွေဖြစ်တဲ့…

တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA သိမ်းပိုက်

အင်ဂျန်းယန်၊ ဒီဇင်ဘာ ၂၃ တနိုင်ငံလုံးအနှံ့ ထိုးစစ်တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေကြချိန်မှာ ကချင်ပြည်နယ်မှာတော့ တိုက်ပွဲမဖြစ်ဘဲ စစ်‌ကောင်စီတပ်စခန်းချထားတဲ့ နယ်မြေနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ရရှိထားပါတယ်။ ကချင်လွတ်လပ်ရေးတပ်တော် KIA အနေနဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း အင်ဂျန်းယန်မြို့နဲ့ အင်ခါဂါးကျေးရွာက စစ်ကောင်စီ အခြေစိုက်တပ်စခန်း‌တွေမှာ တပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ နယ်မြေနှစ်ခုကို ရရှိထားတာပါ။ ကချင်ပြည်နယ် ပူတာအိုခရိုင်…

မွန်ပြည်နယ် ကျိုက်မရောစစ်ရှောင်ပြည်သူတွေ စောင်နဲ့အနွေးထည် အရေးပေါ်ကူညီလိုအပ်နေ

ကျိုက်မရော၊ ဒီဇင်ဘာ ၂၃ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ ရာသီဥတုအေးလာတဲ့အတွက် စောင်နဲ့အနွေးထည် အ ကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ ကျိုက်မရောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ချောင်းနှစ်ခွနယ်မြေရဲ စခန်းနဲ့ တံတားဂိတ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်…