ဘန်ကောက်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေမြင့်တက်လာတာကြောင့် နေရပ်စွန့်ခွာလာတဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ နယ်စပ်တလျှောက်မှာ ယာယီဒုက္ခသည်စခန်းတွေ တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီက ပြောပါတယ်။

ထိုင်းအစိုးရဟာ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စောင့်ကြည့်နေပြီး အစုအဖွဲ့အားလုံး အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ကြဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါ တယ်။

“လက်ရှိအခြေအနေမှာတော့ ဒုက္ခသည်တွေအစုလိုက်အပြုံလိုက် ဝင်ရောက်မှုဟာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် အခုချိန်ကစလို့ အကြမ်းဖက်မှုတွေမြင့်တက်လာခဲ့မယ်ဆိုရင် အဲ့ဒီနေရာတွေမှာဖြစ်နိုင်တဲ့ အခြေအနေတွေက ဒုက္ခသည်တွေအားလုံးဟာ ထိုင်းတစ်နိုင်ငံတည်းမဟုတ်ပဲနဲ့ လားရာအကုန်လုံးကို သွားနိုင်ချေရှိပါတယ်” လို့ နိုင်ငံခြား‌ရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ ကြားလူဝင်ရောက်ကူညီပံ့ပိုးထားတာ မရှိဘူးလို့လည်း သူက ပြောပါသေးတယ်။  

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြဝတီမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်ပူး ပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်ခဲ့ပြီး ကုန်တင်ယာဉ်တွေဟာ နယ်စပ်မြို့မှာပိတ်မိနေ တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေဟာ ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ တာခ့်ခရိုင် မဲဆောက်မြို့နဲ့ ၁၀ ကီလိုမီတာအကွာမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတာပါ။

ထိုင်းစစ်တပ်ကွပ်ကဲရေးမှူးတစ်ဦးက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ထိုင်နိုင်ငံကို အကျိုးသက်ရောက်မှုတစုံတရာမရှိပေမယ့် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လက်ခံရယူဖို့ ဒုက္ခသည်တွေကတော့ နယ်စပ်ဖြတ်ကျော်နိုင်တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် ထိုင်းနယ်စပ်တလျှောက်မှာတော့ စစ်သားတွေဟာ ထိုင်းဘုရင့်နိုင်ငံအပေါ် ဥပဒေအရ ချိုးဖောက်မယ့် တစုံတရာမဖြစ်ပေါ်နိုင်ရေးအတွက် လက်ရှိမြန်မာစစ်ခေါင်းဆောင်နဲ့ ပူးပေါင်းဆောင်ရွက်ထားတယ်လို့ သူက ပြောပါသေးတယ်။

 Ref:Bangkok post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.