November 29, 2023

နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးပေးဖို့ ထိုင်းအစိုးရအဖွဲ့ အတည်ပြု

ဘန်ကောက်၊ နိုဝင်ဘာ ၃၀ လူနေမှုစရိတ်တိုးမြင့်လာမှုကို ဖြေရှင်းနိုင်ဖို့အတွက် အငယ်တန်းအစိုးရအရာရှိတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လစာ ၁၀ ရာခိုင်နှုန်း တိုးပေးမယ့် နိုင်ငံဝန်ထမ်းများဝန်ဆောင်မှုကော်မရှင် (OCSC) ရဲ့ အဆိုပြုချက်ကို ထိုင်းအစိုးရ အဖွဲ့က အတည်ပြုလိုက်ပါတယ်။ လာမယ့်နှစ် ဧပြီလမှာ စတင်မယ့် ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ဥပဒေကြမ်းကို အတည်ပြုပြီးနောက် အဲဒီလစာတိုးမြှင့်မှုဟာ မေလက စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်းများဝန်ဆောင်မှုကော်မရှင်…

တော်လှန်ရေးအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိလစ်ပိုင်အစိုးရ သဘောတူ

မနီလာ၊ နိုဝင်ဘာလ ၃၀ ဖိလစ်ပိုင်အစိုးရနဲ့ ကွန်မြူနစ်တော်လှန်ရေးအင်အားစုတို့ဟာ ၆ နှစ်ကြာ ရပ်ဆိုင်းထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စဖို့ သဘောတူညီခဲ့ကြပြီး ဆယ်စုနှစ်များစွာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ဖို့ ရည်မှန်းထားတယ်လို့ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့ နော်ဝေနိုင်ငံက ပြောပါတယ်။ အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်မှာ နှစ်ပေါင်း ၅၀ကျော် အစိုးရတပ်နဲ့ ကွန်မြူနစ်ပါတီ တို့ရဲ့ ပြည်တွင်းစစ်ပွဲတွေဖြစ်ပေါ်နေတဲ့အတွက် လူပေါင်း ၄ သောင်းကျော်…

ဂါဇာမှာ ဗုံးဒဏ်ထက် ကူးစက်ရောဂါကြောင့် သေဆုံသူပိုများနိုင်တယ်လို့ WHO သတိပေး

ဂါဇာ၊နိုဝင်ဘာ ၃၀ ဂါဇာကမ်းမြောင်ဒေသရှိ ကလေးတွေမှာ ကူးစက်ရောဂါနဲ့ ဝမ်းရောဂါတွေ တိုးလာနိုင်တာကြောင့် ဗုံးကြဲတိုက်ခိုက်မှုတွေထက် လူသေဆုံးမှုပိုများလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၅၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဂါဇာအာဏာ ပိုင်တွေက အတည်ပြုထားပြီး ၄၀ ရာခိုင်နှုန်းဟာ ကလေးငယ်တွေဖြစ်ကာ တချို့တွေက အပျက်အဆီးတွေအောက် ထပ်မံပျောက်ဆုံးသွားမှာကို…

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ထောင် ၁၀ နှစ်ချခံရ

ရန်ကုန် – နိုဝင်ဘာ ၂၉ ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ်ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အင်းစိန်အထူးသီးသန့် တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၁၂၄ဃ ၊ ပုဒ်မ ၅၀၅ က တို့နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တာပါ။…

စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ အပေါင်းအပါတွေ တရားစွဲခံရNon CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၉၃ ဦးပြည်နှင်ဒဏ်ပေးခံရ

လွိုင်ကော် – နိုဝင်ဘာ ၂၉ ကရင်နီပြည်နယ်၊လွိုင်တော်တက္ကသိုလ် ပါမောက္ခချုပ်၊ဒုပါမောက္ခချုပ်အပါအဝင် ၅ ဦးနဲ့ မိသားစုဝင်တွေကို မတရားအသင်း စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့အတွက်တရားစွဲဆိုထားတယ်လို့ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီIEC က အသိပေးထားပါတယ်။ သူတို့တွေကို ကရင်နီရဲတပ်ဖွဲ့က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားပြီးနောက် သက်ဆိုင်ရာ တရားစီရင်ရေးဌာနကို လွှဲပြောင်းကာ ဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။ IEC ဟာ လွိုင်ကော်တက္ကသိုလ်က ကယ်ထုတ်ခဲ့တဲ့ Non CDM ဝန်ထမ်းတွေနဲ့…

ကျိုက်ထိုမြို့နယ် မြေစာရင်းရုံးတိုက်ခိုက်ခံရ

ကျိုက်ထို၊ နိုဝင်ဘာ ၂၉ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်မြေစာရင်းရုံးကို နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က တိုက်ခိုက်ခံရတာကြောင့် ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ မြေစာရင်းရုံးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်ကြီး ၄၀…

စစ်အာဏာသိမ်း (၁၀၃၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၀၃) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ(၂၉) AAPP ရဲ့ နိုဝင်ဘာ(၂၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၃၁) ရက်အတွင်း ပြည်သူ (၄၁၀၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၆၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၅၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အချိန်မနှောင်းခင် လက်နက်ချကြဖို့ တိုက်တွန်း

နေပြည်တော်၊ နိုဝင်ဘာ ၂၉ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ကျန်ရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေအားလုံး အချိန်မနှောင်းခင် လက်နက်ချအလင်းဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေ ပူးတွဲတိုက်တွန်းလာပါတယ်။ အဲဒီတော်လှန်ရေးအင်အားစုတွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားအဖွဲ့ အစည်းတွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကချင်အဖွဲ့ (KBEZ) ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)…