November 23, 2023

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု အချက်အလက်ပေးပို့ဖို့ တရုတ်ထံ WHO တောင်းခံ

ပေကျင်း၊ နိုဝင်ဘာ ၂၄ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုမြင့်တက်လာတာနဲ့ ပတ်သက်ပြီး ကလေးသူငယ်တွေမှာ နမိုးနီးယား ကူးစက်ခံနေရတယ်ဆိုတဲ့ အခြေအနေတွေကို တရုတ်အစိုးရအနေနဲ့ အသေးစိတ်အချက်အလက်ထုတ်ပြန်ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တောင်းခံလိုက်ပါတယ်။ တရုတ်အာဏာပိုင်တွေအနေနဲ့ နိုင်ငံအတွင်းမှာဖြစ်နေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ မြင့်တက်လာမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို နိုဝင်ဘာ ၁၃ ရက်‌နေ့က ကျင်းပခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်အာဏာပိုင်တွေဟာ COVID-19…

ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ ဂါဇာမှာ အပစ်ရပ်မယ်

ဂါဇာ၊ နိုဝင်ဘာ ၂၄ ဂါဇာကမ်းမြောင်မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ လေးရက်ကြာ အပစ်ခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး စစ်သွေးကြွတွေဖမ်းဆီးထားတဲ့ ဓားစာခံတွေနဲ့ အစ္စရေးမှာ အကျဉ်းချခံထားရတဲ့ ပါလက်စတိုင်းတွေကို ပြန်လွှတ်ပေးကြမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့မှာ အပစ်ရပ်ဖို့မျှော်လင့်ထားကြသလို ဓားစာခံတွေလွှတ်ပေးရေး သဘောတူညီမှုအနည်းဆုံး သောကြာနေ့အထိရွှေ့ဆိုင်းထားတယ်လို့ အစ္စရေး အမျိုးသားလုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ တာဇာချီ ဟန်နက်ဘီက ဆိုပါတယ်။ လေးရက်ကြာ…

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး နိုင်ငံရေးလောကထဲ ပြန်လာဖို့ရှိနေ

မနီလာ၊ နိုဝင်ဘာလ ၂၄ သမီးဖြစ်သူ ဒုသမ္မတ ရာထူးကနေ ဖြုတ်ချခံရပါက နိုင်ငံရဲ့ ဒုတိယအမြင့်ဆုံးအဆင့်ဖြစ်တဲ့ အထက်လွှတ်တော်အမတ်ရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတယ်လို့ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးက ပြောကြားလိုက်ပါတယ်။ ဖိလစ်ပိုင်ရဲ့ ဒုတိယသမ္မတဖြစ်တဲ့ သမီးဖြစ်သူ ဆာရာဒူတတေးကို လျှို့ဝှက်ရန်ပုံငွေအသုံးပြုခဲ့တာနဲ့ပတ်သက်ပြီး လူထုကြားနာမှုခံယူနေချိန်မှာ ဒီသတင်းထွက်ပေါ်လာတာပါ။ လက်တလောမှာတော့ ဆာရာဒူတာတေးကို ဖြုတ်ချဖို့ အောက်လွှတ်တော်မှာ အလွတ်သဘော ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ အတိုက်အခံအမတ်တစ်ဦးက…

ဘုရားသုံးဆူမြို့မှာ စစ်‌ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

ဘုရားသုံးဆူ၊ နိုဝင်ဘာ ၂၃ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့မှာ နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၉ နာရီအချိန် ခန့်က စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦး စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ အမှတ်(၉၇) ခြေလျပ်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းဟာ ဘုရားသုံးဆူမြို့ရှိ Beauty Parlor ဆိုင်မှာ…

ထားဝယ် ကျောက်မဲတောင်ရဲစခန်းကို PDF ဝင်ရောက်တိုက်ခိုက်နေ

ထားဝယ် – နိုဝင်ဘာ ၂၃ တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်မှာရှိတဲ့ ကျောက်မဲတောင်ရဲစခန်းကို တော်လှန်ရေးအင်အားစု တွေဝင်ရောက်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ထားဝယ် ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မနက်အစောပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေတဲ့အတွက် မြေပြင်အခြေအနေအသေးစိတ်ကို ပြောလို့မရသေးဘူးလို့ ထားဝယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။…

ရေတပ်ဌာနချုပ်က တပ်ကြပ်ကြီးတစ်ဦး မြိတ်ခရိုင်တပ်ရင်း(၁)ထံ အလင်းဝင်

မြိတ်၊ နိုဝင်ဘာ ၂၃ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့အခြေစိုက် စစ်ကောင်စီ ရေတပ်သ‌င်္ဘောကျင်းဌာနချုပ်(သီလဝါ)မှ တပ်ကြပ်ကြီးတစ်ဦး CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတယ်လို့ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက နိုဝင်ဘာ ၂၂ နေ့မှာ ထုတ်ပြန်ပါတယ်။ တပ်ကြပ်ကြီး အောင်ကျော်မျိုးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ရေတပ်သ‌င်္ဘောကျင်းဌာနချုပ် (သီလဝါ)ကနေ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင် အမှတ်-၁ တပ်ရင်းထံ…

တနင်္သာရီမှာ အခုနှစ်အတွင်း နေအိမ် ၇၅၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီ၊ နိုဝင်ဘာ ၂၃ တနင်္သာရီတိုင်းမှာ အခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာတတိယအပတ်အထိ နေအိမ်အလုံး ၇၅၀ နီးပါးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi နဲ့ ဒေသတွင်း လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုဟာ အခုနိုဝင်ဘာလထဲမှာပဲ ရေဖြူ၊ လောင်းလုံးနဲ့ ကော့သောင်းမြို့နယ်တို့က နေအိမ်အလုံး ၃၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး ကျန်ဒေသတချို့မှာလည်း…

စစ်အာဏာသိမ်း (၁၀၂၅) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၉၇) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ(၂၃) AAPP ရဲ့ နိုဝင်ဘာ(၂၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၂၅) ရက်အတွင်း ပြည်သူ (၄၁၉၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၃၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…