ရန်ကုန်၊နိုဝင်ဘာ ၈

မြန်မာနိုင်ငံ၊ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၄ ဦးကို နေရပ်ပြန်နိုင်ရေး ကူညီပေးမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထိုင်းဒုတိယရဲချုပ်ကို ကတိပေးခဲ့ပါတယ်။

ထိုင်းဒုရဲချုပ်မစ္စတာဆူရောချေ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ကိုသွားရောက် ပြီး စစ်ကောင်စီရဲ့ ရဲအရာရှိတွေနဲ့ တွေ့ဆုံပြီးနောက် လောက်ကိုင်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား တွေ လွတ်မြောက်ဖို့ ကြိုးပမ်းခဲ့တာပါ။

လောက်ကိုင်မှာပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၄ ဦးဟာ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်း လုပ်ဆောင်တဲ့ Call Center ဂိုဏ်းတွေမှာ အလုပ်လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံသားတွေဟာ လူကုန်ကူးဂိုဏ်းတွေရဲ့ သားကောင်တွေဖြစ်တယ်လို့ ဒုရဲချုပ်ကို စစ်ကောင်စီကို ရှင်းပြခဲ့ပြီးနောက် မြန်မာဘက်က ထိုင်းနိုင်ငံသားတွေကို အိမ်ပြန်ခေါ်ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လောက်ကိုင်မြို့ဟာ စစ်ရေးပဋိပက္ခတွေမြင့်တက်နေတဲ့အတွက် ထိုင်းနိုင်ငံသားတွေ ကို တရုတ်နိုင်ငံ ကူမင်မြို့က တဆင့်လေယာဉ်နဲ့ နေရပ်ပြန်ခေါ်ဖို့ လုပ်ဆောင်နေတာပါ။

တရုတ်အစိုးရကလည်း ထိုင်းနိုင်ငံသားတွေကို နယ်စပ်ဖြတ်ကျော်ခွင့်ပေးထားသလို ပြည်တော် ပြန်နိုင်ရေး ရက်အတိအကျကိုတော့ မြန်မာနဲ့ တရုတ်နှစ်လုံးက မသတ်မှတ်ရသေးဘူးလို့ ထိုင်း ဒုရဲချုပ်က ပြောပါတယ်။

Ref :The Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.