နယူးဒေလီ၊နိုဝင်ဘာ ၄
အိန္ဒိယနိုင်ငံရဲ့ မြို့တော်နယူးဒေလီမှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိလာတဲ့အတွက် အစိုးရရုံးတွေနဲ့ မူလတန်းစာသင်ကျောင်းအားလုံး နိုဝင်ဘာ ၃ ရက်နေ့ကစပြီး ယာယီပိတ်သိမ်းဖို့ နယူးဒေလီဝန်ကြီးချုပ်က ညွှန်ကြားလိုက်ပါတယ်။
အရင်က တွမ်တာလို့ လူသိများတဲ့ “X” လူမှုကွန်ရက်မှာ နယူးဒေလီဝန်ကြီးချုပ်က လေထုညစ် ညမ်းမှု မြင့်တက်လာတာကြောင့် နယူးဒေလီမှာရှိတဲ့ အစိုးရရုံးနဲ့မူလတန်း ကျောင်းတွေကို ၂ ရက်ကြာ ပိတ်သိမ်းထားရမယ်လို့ ပြောကြားခဲ့ပါတယ်။
မြို့တော်နယူးဒေလီရဲ့ လေထုအရည်အသွေး ကျဆင်းလာတာကြောင့် လေထုအရည်အသွေး စီမံခန့်ခွဲ မှုကော်မတီအနေနဲ့ မြို့တော်ဧရိယာနယ်နိမိတ်အတွင်းက အစိုးရရဲ့ အရေးကြီးစီမံကိန်း တွေကလွဲပြီး တခြားဆောက်လုပ်ရေးလုပ်ငန်းတွေကို ချက်ချင်းပိတ်သိမ်းဖို့လည်း ညွှန်ကြားထား တာပါ။
ဒါ့အပြင် မြို့တော်ဧရိယာနယ်နိမိတ်နဲ့ အစိုးရရုံးစိုက်ရာ တခြားနေရာတွေအတွင်း ၅ တန်းအထိ တက်ရောက်နေတဲ့ ကလေးတွေရဲ့ ကျောင်းတွေကို ပိတ်ပြီး အွန်လိုင်းသင်တန်းတွေ ဖွင်လှစ်ကြဖို့ လည်း တိုက်တွန်းထားပါတယ်။
မနေ့က တိုင်းတာချက်တွေအရ နယူးဒေလီရဲ့ လေထုအရည်အသွေး အညွှန်းကိန်းဟာ ၄၀၂ အထိရှိခဲ့ပြီး ဒီလေထုညစ်ညမ်းမှုကို AQI လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု သဘာဝပတ် ဝန်းကျင်ကာကွယ်ရေးအေဂျင်စီရဲ့ စနစ်နဲ့ တိုင်းတာထားတာလို့ သိရပါတယ်။
နယူးဒေလီမြို့မှာ လေထုအရည်အသွေးကျဆင်းလာတာကြောင့် လေထုအရည်အသွေးစီမံခန့်ခွဲ မှုကော်မတီဟာ တုံ့ပြန်ရေးအစီအမံ အဆင့် ၃ ဆင့်သတ်မှတ်ထားတယ်လို့ ဆိုထားပါတယ်။
အဲဒီအစီအစဉ်တွေထဲမှာ အစိုးရစီမံကိန်းတွေကလွဲပြီး နယူးဒေလီနဲ့ တခြားခရိုင်ခွဲတွေဖြစ်တဲ့ ဂူရူဂရမ်၊ဖာရီဒါဘတ်၊ဂါဇီယာဘတ်နဲ့ ဂွာတမ်ဘဟ နာဂါ မြို့တွေက ဆောက်လုပ်ရေးလုပ်ငန်း တွေ၊ ဖြိုဖျက်ခြင်းလုပ်ငန်းတွေ၊ ကျောက်မိုင်းလုပ်ငန်းတွေ၊ ကျောက်ခွဲလုပ်ငန်းတွေအပြင် လောင်စာလုပ်ငန်းတွေ ရပ်ဆိုင်းထားရမယ်လို့ အသိပေးထားပါတယ်။
Ref – The Strait Time