October 2023

၁၀၂၇ စစ်ဆင်ရေးဟာ ၈၈ နောက်ပိုင်း မြန်မာစစ်တပ်ရဲ့အဆိုးဝါးဆုံး ကျဆုံးမှုဖြစ်လာ

မော်လမြိုင်၊အောက်တိုဘာ(၃၁) ညီနောငျမဟာမိတျသုံးဖှဲ့ရဲ့ ၁၀၂၇ေ စစျဆငျရးဟာ စစျကောငျစီကို စစျကွညောခြိနျကစပွီး စစျရေးအရှိနျ မွနျနှုနျးမွငျ့မွငျ့နဲ့ ပွငျးထနျလာနပွေီး စခနျးသိမျးခံရမှုတှဟော ၁၉၈၈ နောကျပိုငျး မွနျမာစစျတပျသမိုငျးမှာ အဆိုးဝါးဆုံး အခွအေနကေို ရောကျရှိလာခဲ့တာ ဖွစျပါတယျ။ ရက္ခိုင့်တပ်တော် (AA)၊တအာင်းအမျိုးသားတပ်မတော် (TNLA) နဲ့ ကိုးကန့်အဖွဲ့ (MNDAA) တို့ ပါဝင်စုဖွဲ့ထားတဲ့ ညီနောင်သုံးဖွဲ့ဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ စစ်ကောင်စီကို…

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို KNU ထောက်ခံကြိုဆို

မော်လမြိုင်၊ အောက်တိုဘာ(၃၁) ညီနောင်မဟာမိတ်သုံးဖွဲ့က ဟန်ချက်ညီညီနဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုတွေလုပ်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ကြိုဆိုထောက်ခံတယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊တအာင်းအမျိုးသားတပ်မတော် (TNLA) နဲ့ ကိုးကန့်အဖွဲ့ (MNDAA)တို့ဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ ၁၀၂၇ လို့ အမည်ပေးထားတဲ့…

မုန်းတိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ရှောင်နေရ

မုန်း၊ အောက်တိုဘာ(၃၁) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်မြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၂၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ KNU ဗဟိုက အောက်တိုဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်က KNU မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့…

သထုံမှာ ဒေသခံနေအိမ် ၂ လုံး ချိပ်ပိတ်ခံရ

သထုံ၊ အောက်တိုဘာ(၃၁) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာရှိ ဒေသခံနေအိမ် ၂ လုံးကို စစ်ကောင်စီပူးပေါင်းအဖွဲ့က မနေ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ စစ်ကောင်စီရဲ့ သုဓမ္မဝတီမြို့သစ်ရဲတပ်ဖွဲ့နဲ့ ဒူးရင်းဆိပ်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မနေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ဒူးရင်းဆိပ်ကျေးရွာ အမှတ်(၂)နဲ့အမှတ်(၃) ရပ်ကွက်ရှိ နေအိမ် ၂ လုံးကို လာရောက်ချိပ်ပိတ်ခဲ့တာပါ။…

ဂါဇာဒေသကို လူသားချင်းစာနာမှုအကူအညီ ပေးပို့ခွင့်ရရှိ

ဂါဇာ၊အောက်တိုဘာ(၃၁) အစ္စရေးရဲ့ မြေပြင်ထိုးစစ်ကြောင့် ဒုက္ခသည်တွေ များပြားနေတဲ့ ဂါဇာဒေသကို ထောက်ပံ့ရေး ယာဉ်တန်းတွေ စတင်ဝင်ရောက်ခွင့်ရရှိနေပြီလို့ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးသူတွေက ပြောပါတယ်။ အစ္စရေးဘက်က ထောက်ပံ့မှုအနည်းငယ်ကိုသာ ခွင့်ပြုထားပေမယ့် အောက်တိုဘာ၂၉ ရက်နေ့မှာတော့ ရေ၊အစားအသောက်နဲ့ ဆေးဝါးတွေ တင်ဆောင်လာတဲ့ ကုန်တင်ကား ၃၃ စီးဟာ အီဂျစ်နိုင်ငံရဲ့ နယ်စပ်တစ်ခုကနေ ဝင်ရောက်လာနိုင်ခဲ့တယ်လို့ ရာဖက်နယ်စပ် ပြောခွင့်ရ ဝေးလ်က AP…

အမေရိကန်နဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှု မြှင့်တင်မယ်လို့ တရုတ် ပြော

ပေကျင်း၊အောက်တိုဘာ(၃၁) အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမယ်လို့ တရုတ်စစ်တပ်ရဲ့ ဒုတိယအမြင့်ဆုံး ခေါင်းဆောင်က အောက်တိုဘာ ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ နှစ်စဉ်ကျင်းပလေ့တဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး စစ်ရေးသံခင်းတမန်ခင်းပွဲ ဖြစ်တဲ့ ဘေဂျင်းကျင်ရှင်ဖိုရမ်မှာ သူကအခုလို ပြောဆိုခဲ့တာပါ။ တရုတ် ဗဟိုစစ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက ရုရှားနဲ့မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုကို အခြေခံပြီး အမေရိကန်ပြည်ထောင်စုနဲ့လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွား မယ်လို့…

အိန္ဒိယမှာ ရထားတိုက်မှုကြောင့် လူ ၁၃ ဦးသေဆုံး

နယူးဒေလီ၊အောက်တိုဘာ(၃၁) အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းမှာ ရထားနှစ်စင်းတိုက်မိခဲ့တဲ့အတွက် အနည်းဆုံးလူ ၁၃ ဦး သေဆုံးပြီး ၅၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက အောက်တိုဘာ ၃၀ ရက်နေ့မှာ အတည်ပြုပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့မှာ အန်ဒရာ ဘရာဒတ်ပြည်နယ်က အလန်မန်ဒါနဲ့ ကန်တာကပ် ပလယ်မြို့နှစ်မြို့ကြားမှာ ခရီးသည်တင်ရထားတစ်စင်း အရှိန်လွန် တိုက်မိရာကနေ မတော်တဆမှုဖြစ်ပွားခဲ့တာပါ။ အဲဒီမတော်တဆမှုအပေါ် စုံစမ်းစစ်ဆေးမှုတွေအရ…

သတင်းထောက်တစ်ဦးနဲ့ ရုံးစောင့်ကို ဖမ်းဆီးသွားတဲ့ စစ်ကောင်စီကို DMG သတင်းဌာန ရှုတ်ချ

မော်လမြိုင် – အောက်တိုဘာ(၃၀) ရခိုင်ပြည်နယ်၊ စစ်တွေအခြေစိုက် Development Media Group (DMG)သတင်းဌာန ရုံးချုပ်ကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး သတင်းထောက်(၁) ဦးနဲ့ ရုံးစောင့် (၁) ဦးကိုဖမ်းဆီး ခေါ်ဆောင်သွားတဲ့အတွက် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ DMG က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ(၂၉) ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီလက်အောက်ခံ စသုံးလုံး၊SB အထူးသတင်းတပ်ဖွဲ့၊ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သား (၂၀) ပါ…