ဇူရစ် ၊နိုဝင်ဘာ ၁
အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ စစ်ပွဲပိုမိုပြင်းထန်လာပါက ရေနံနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေလို ကုန်ကြမ်းတွေ ဈေးနှုန်းမတည်ငြိမ်မှုတွေ ရှိလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ရုရှားရဲ့ ယူကရိန် ကျူးကျော်စစ်လို ဈေးကွက် အတွင်း ဖိအားတွေဖြစ်စေနိုင်ပြီး အဲဒီစစ်ပွဲဟာ ၁၉၇၀ နောက်ပိုင်း ကုန်စည်ဈေးကွက်အတွက် အကြီးမားဆုံးသော တုန်လှုပ်စရာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်မှ စီးပွားရေးပညာရှင် အင်ဒါမစ်ဂီးလ် က သတိပေးခဲ့တာပါ။
“ပဋိပက္ခတွေ ပြင်းထန်လာမယ်ဆိုရင် ကမ္ဘာ့စီးပွားရေးဟာ ယူကရိန်းစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခနှစ်ခုလုံးကနေ ဆယ်စုနှစ် များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ဖက်စလုံးရဲ့ စွမ်းအင်အပေါ် တုန်လှုပ်သွားစေလိမ့်မယ်”လို့ ဂီးလ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကောင်းမွန်တဲ့ အခြေအနေကနေ ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ၉၃ မှ ၁၀၂ ဒေါ်လာကြားအထိ ၃ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ကမ္ဘာ့ရေနံဈေး ကျဆင်းခဲ့ပြီး ဂါဇာမှာရှိတဲ့ ဟားမတ်စ် စစ်သွေးကြွတွေကို အစ္စရေးတပ်တွေက ရှင်းလင်းခဲ့တာကြောင့် ဒေသတွင်း ပဋိပက္ခကို ရှောင်ရှားနိုင်မယ်လို့ကုန်သည်တွေက မျှော်လင့်နေကြတာပါ။
လက်တလောမှာတော့ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို စစ်ရေးအရှိန်တိုးမြှင့် လုပ်ဆောင်နေပေမယ့် လက်ရှိမှာ ဈေးကွက်အတွင်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ ရှုမြင်နေ ကြပါတယ်။
“ဒီရှုမြင်မှုက အခုလောလောဆယ် ရေနံဈေးကို နိမ့်ကျနေပေမယ့် အခြေအနေက မငြိမ်မသက် ဖြစ်နေပြီး ကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခထဲကို ဝင်လာတဲ့ အရိပ်အယောင်က ရေနံဈေး ကို တင်းကျပ်စွာ တွန်းလှန်သင့်တယ်”လို့ ဂျိမ်းစ်က ပြောခဲ့ပါတယ်။
ဟားမတ်စ်စစ်သွေးကြွတွေ အစ္စရေး တောင်ပိုင်းကို ဝင်ရောက်စီးနင်းပြီး အရပ်သား ၁၄၀၀ ကျော်သေဆုံးခဲ့သလို ဓားစာခံ ၂၄၀ နီးပါး ဖမ်းဆီးခံရပြီးနောက်ပိုင်း ရေနံဟာ ၆ ရာခိုင်နှုန်း မြင့်တက်နေပြီဖြစ်တယ်လို့ အစ္စရေး တာဝန်ရှိသူတွေက ပြေထားပါတယ်။
Ref: CNA