တိုင်ပေ၊ နိုဝင်ဘာ ၁
ထိုင်ဝမ်ရဲ့ အဓိက အတိုက်အခံပါတီနှစ်ခုဟာ လွှတ်တော်နေရာ အများအပြားရရှိရေးအတွက် လာမယ့် ဇန်ဝါရီလမှာ ကျင်းပမယ့် ပါလီမန်ရွေးကောက်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပူးပေါင်းပြင်ဆင်တာတွေ လုပ်ဆောင်နေပါတယ်။
အများပြည်သူဆိုင်ရာ စစ်တမ်းတွေမှာတော့ သမ္မတကိုယ်စားလှယ်လောင်းနေရာအတွက် ထိုင်ဝမ်ရဲ့ လက်ရှိ အာဏာရပါတီ Democratic Progressive ရဲ့ ဒုတိယသမ္မတက ဦးဆောင် နေပြီး ကူမင်တန်ပါတီနဲ့ ထိုင်ဝမ်လူ ထုပါတီ Taiwan People’s Party (TPP) ကိုယ်စားလှယ်တို့က ဒုတိယနေရာမှာရှိနေတာဖြစ်ပါတယ်။
ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကျင်းပမယ့် ထိုင်ဝမ်ရဲ့သမ္မတနဲ့ ပါလီမန်ရွေးကောက်ပွဲတွေမှာ တရုတ် အရေး လွှမ်းမိုးလာနိုင်ပြီး ကိုယ်ပိုင်အချုပ်အခြာအာဏာလို့ ကြွေးကြော်ထားတဲ့ ထိုင်ဝမ်ကို စစ်ရေးနဲ့နိုင်ငံရေးအရ ဖိအားပေးဖို့ တရုတ်က တိုးမြှင့်ပြင်ဆင်နေတာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်အတွင်း ထိုင်ဝမ်ရဲ့ လက်ရှိအာဏာရပါတီ တာဝန်ယူချိန်ကတည်းက တရုတ်အစိုးရ က ထိုင်ဝမ်နဲ့ ပုံမှန်စကားပြောမှုတွေကို ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။
အတိုက်အခံပါတီနှစ်ခုကတော့ တန်းတူညီမျှပြီး ဂုဏ်သိက္ခာရှိမှုအပေါ်အခြေခံကာ တရုတ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီနည်းလမ်းတွေနဲ့လည်း ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ပြန်လည်ဆောင်ကျဉ်းမယ်လို့ ပြောထားပါတယ်။
ထိုင်ဝမ်အတိုက်အခံပါတီနှစ်ခုအကြားခေါင်းဆောင်တွေရဲ့ တနင်္လာနေ့တွေ့ဆုံမှုအပြီးမှာ ကူမင်တန်ပါတီနဲ့ ထိုင်ဝမ်ပြည်သူ့ပါတီအကြား ပေါင်းစည်းမှုရှိနိုင်တာလည်း ဖြစ်ပါတယ်။
ဒီမိုကရေစီကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်ဖို့ အချင်းချင်း အပြန်အလှန်ကူညီမှာဖြစ်သလို ပါလီမန်အတွင်း ထိုင်ခုံနေရာများများရဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားထားပါတယ်။
ဒါပေမယ့်လည်း သမ္မတရွေးကောက်ပွဲရာထူးအတွက် ပူးပေါင်းမလားဆိုတဲ့ သတင်ထောက် တွေရဲ့ မေးခွန်းကိုတော့ ဆွေးနွေးမှုတွေလိုအပ်ဦးမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
Ref – Reuters