မန္တလေး – အောက်တိုဘာ(၃၁)

တောင်သမန် စစ်ဆင်ရေးမှာ စစ်ကောင်စီ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် (၇) ဦးလက်ရဖမ်းဆီး ရမိထားတယ်လို့ မန္တလေး PDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၆) ရက်နေ့ကနေ (၃၀) ရက်နေ့အထိ ဆင်နွှဲခဲ့တဲ့ တောင်သမန် စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်သားတွေအပြင် လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တာပါ။

မန္တလေး PDF ဖမ်းဆီးရမိခဲ့သူတွေထဲမှာ ဗိုလ်မှူးအဆင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၁) ဦး၊ ဗိုလ်ကြီး အဆင့်(၁)ဦး၊ဒုဗိုလ်အဆင့် (၁) ဦး၊ တပ်ကြပ်ကြီးအဆင့် (၂)ဦး၊ ပြည်သူ့စစ်(၂) ဦးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မြောက်ပိုင်မဟာမိတ်(၃) ဖွဲ့အကောင်အထည်ဖော်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ အတူ မန္တလေး PDF က တောင်သမန်စစ်ဆင်ရေးကို ဆင်နွှဲနေတာဖြစ်ပါတယ်။

လက်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာနေတာကြောင့် တပ်အင်အား ပြုန်းတီးမှုတွေ အလွန်ဆိုးရွားစွာ ဖြစ်ပွားနေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

မန္တလေး PDF က စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီအတွက် ဦးလည်းမသုန် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မန္တလေး – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.