October 23, 2023

အီရန်အစ္စလာမ္မစ်အစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ ယူကေအား အမေရိကန်တိုက်တွန်း

ဝါရှင်တန်၊ အောက်တိုဘာ(၂၄) အီရန်ရဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာဖို့ အမေရိကန်က ဗြိတိန်အစိုးရကို ထပ်မံတောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက်က ဆင်နွှဲခဲ့တဲ့ စစ်ပွဲမှာ အဲဒီအဖွဲ့ဟာ တီဟီရန်ရဲ့ ကြံရာပါလို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင်…

ယူကရိန်းကို တာဝေးပစ်ဒုံးကျည်စနစ်ထောက်ပံ့မှု မြောက်ကိုရီးယား ပြစ်တင်ရှုတ်ချ

ဆိုးလ်၊ အောက်တိုဘာ(၂၄) ယူကရိန်းကို တာဝေးပစ်ဒုံးကျည်စနစ် ထောက်ပံ့တပ်ဆင်ပေးခဲ့တဲ့ အမေရိကန်အစိုးရရဲ့ လုပ်ရပ်အပေါ် မြောက်ကိုရီးယားက အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အမေရိကန်ထောက်ပံ့ထားတဲ့ Army Tactical Missile System အသုံးပြုပြီး ရုရှားပိုင်ဧရိယာ တွေမှာရှိတဲ့ လေကြောင်းကာကွယ်ရေးစနစ် ၂ ခုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်း ယူကရိန်းကို…

တရုတ်ဆေးဝါးကုမ္ပဏီ ၃ ခု မျိုးသုဉ်းပျောက်ကွယ်တော့မယ့် တိရိစ္ဆာန်အစိတ်အပိုင်းတွေ အသုံးပြုနေ

ရှိန်ဟိုင်း၊ အောက်တိုဘာ(၂၄) တရုတ်နာမည်ကြီး ကမ္ဘာကျော်ဆေးဝါးထုတ်လုပ်တဲ့ လုပ်ငန်းကြီး ၃ ခုဟာ ဆေးဝါးထုတ်လုပ် ရာမှာ မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်အစိတ်အပိုင်းတွေကို ပါဝင်ပစ္စည်းတွေအဖြစ် အသုံးပြုခဲ့ကြ တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ အစီအရင်ခံစာအရ သိရပါတယ်။ လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအေဂျင်စီရဲ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အဲဒီကုမ္ပဏီ ၃ ခုဟာ ဘေကျင်းတွန်ရန်တန်အဖွဲ့ ၊…

မော်လမြိုင်-ရန်ကုန်ကားလမ်းမှာ ဘုရားဖူးယာဉ်မိုင်းထိပြီး အရပ်သား ၂ ဦးဒဏ်ရာရ

သထုံ၊ အောက်တိုဘာ(၂၃) မွန်ပြည်နယ်၊ သထုံမြို့နယ်ဒုံဝန်းကျေးရွာနဲ့ဘီးလင်းမြို့နယ်အစပ် ကျုံအိတ်တံတားအနီး မော်လမြိုင်-ရန်ကုန်ကားလမ်းမှာ ဘုရားဖူးယာဉ် မိုင်းထိပြီး အရပ်သား ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘီးလင်းကနေ သထုံမြို့နယ်ထဲ မောင်းဝင်လာတဲ့ လိုက်ထရပ်အမျိုးအစား ဘုရားဖူးယာဉ်ဟာ ဒီနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၆ နာရီလောက်က မော်လမြိုင်-ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် (၁၃၂/၅) အရောက်မှာ…

မကွေးမှာ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲကျင်းပ

မကွေး – အောက်တိုဘာ(၂၃) အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးတဲ့ စုဖွဲ့လေ့ကျင့် လက်နက် တပ်ဆင်မှုသင်တန်းအပတ်စဉ် (၇) သင်တန်းဆင်းပွဲကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၉) ရက်နေ့က NUG အစိုးရ စိုးမိုးနယ်မြေတနေရာမှာ ကျင်းပခဲ့တာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ အခမ်းအနားကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးတိုင်းတာဝန်ခံ၊ ခရိုင် ရေးထောက်…

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးနဲ့ ဆက်သွယ် မေးမြန်းချက်

“အခုအာဏာသိမ်းတဲ့ စစ်အုပ်စုက အရင်စစ်အုပ်စုတွေထက် ပိုပြီးမိုက်မဲတဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့၊ လူစိတ် ပျောက်နေတဲ့၊ သူခိုးဓါးပြသာသာ အုပ်စုဖြစ်နေတဲ့အတွက် သူတို့ကိုရင်ဆိုင်ဖို့အတွက် ဘက်ပေါင်းစုံကနေ ကြိုးစားကြရတယ်၊ နည်းလမ်းရှာနေတယ်” ဝါရင့်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ ပါတီတည်ထောင်ခြင်း ၃၅ နှစ်ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ဟာ ပါတီတည်ထောင်တဲ့ ၃၅ နှစ်အတွင်း စစ်အစိုးရတွေရဲ့ ပါတီ ဖျက်သိမ်းမှု…