October 12, 2023

မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်မှု မွန်ပြည်တော်လှန်ရေးတပ် အပြင်းအထန်ရှုတ်ချ

ရေး၊ အောက်တိုဘာ ၁၂ ကချင်ပြည်နယ်၊လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို အာဏာသိမ်း စစ်ကောင်စီကနေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပေါ် မွန်ပြည်တော်လှန်ရေးတပ် (MSRF) က အပြင်းအထန်ရှုတ်ချကြောင်း ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ် (လသားကလေး) အပါအဝင် အရပ်သားပြည်သူ ၃၀ ကျော် သေဆုံးပြီး ၅၀…

တော်လှန်ရေးရဲဘော်တွေကို NUG အစိုးရအဖွဲ့တွေ့ဆုံအားပေး

မော်လမြိုင် – အောက်တိုဘာ(၁၂) အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့ဝင်တွေက ပြည်သူ့တော်လှန်ရေး ရဲဘော်တွေကို အွန်လိုင်းကတဆင့် တွေ့ဆုံအားပေးခဲ့ကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၀) ရက်နေ့ ညနေပိုင်းကနေ ညပိုင်းအထိ တွေ့ဆုံအားပေးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမစတင်ခင်မှာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့က မုံလိုင်ခတ်စစ်ဘေးရှောင် ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့်…

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်နဲ့ ဆက်သွယ်မေးမြန်းချက်

“သူတို့ကြောင့် စစ်ရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ တိုက်ခိုက်တာက အင်မတန်မှဆိုးဝါးတဲ့ ရာဇဝတ်မှုကြီးကို ကျူးလွန်တာ။ နိုင်ငံတစ်နိုင်ငံချင်းကနေ အရေးယူအပြစ်ပေးဖို့အတွက်လည်း ပူးတွဲဆောင်ရွက်နေတာ ရှိတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ အရေးယူဖို့အတွက်လည်း ကျွန်တော်တို့ ပြောကြားနေတယ်” ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတွေအပါအ၀င် အရပ်သား ၃၀ ထက်မနည်းသေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)…

တနင်္သာရီတိုင်းမှာ အခုရက်ပိုင်းအတွင်း ဒေသခံနေအိမ်တွေ ခပ်စိပ်စိပ်မီးရှို့ဖျက်ဆီးခံနေရ

ထားဝယ်၊ အောက်တိုဘာ(၁၂) တနင်္သာရီတိုင်းဒေသကြီး၊ ပုလော၊ သရက်ချောင်း၊ ထားဝယ်နဲ့ရေဖြူမြို့နယ်တို့မှာ အခုလအတွင်း ဒေသခံနေအိမ်တွေ ခပ်စိပ်စိပ် မီးရှို့ဖျက်ဆီးခံရတယ်လို့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးစဉ် ဒေသခံတွေက PDF တွေကို သတင်းပေးတာ၊ ထောက်ခံအားပေးတာနဲ့ကူညီထောက်ပံမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်လာတာပါ။ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးသွားတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့…

စစ်အာဏာသိမ်း (၉၈၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၄၅) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၁၂) AAPP ရဲ့ အောက်တိုဘာ(၁၁)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၈၃)ရက်အတွင်း ပြည်သူ (၄၁၄၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်းသိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၂၈၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၆၀၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်ရှိပြီဖြစ်ကာ…

မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်မှုကြောင့် တော်လှန်ရေးငြိမ်သက်သွားမှာ မဟုတ်ဘူးလို့ EAO တွေတုံ့ပြန်

လိုင်ဇာ၊ အောက်တိုဘာ(၁၂) ကလေးအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးသွားခဲ့တဲ့ ကချင်ပြည်နယ်က မုန်လိုင်ခက်စစ်ရှောင်စခန်းအပေါ် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးမှာငြိမ်သက် သွားမှာမဟုတ်ဘူးလို့ EAO တွေက တုံ့ပြန်လိုက်ပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကလေးတွေအပါဝင် အရပ်သား ၃၀ ထက်မနည်း သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ မုန်လိုင်ခက် စစ်ရှောင်စခန်းကို…

စစ်ဗိုလ်ချုပ်နှစ်ဦးကို ထောင်ဒဏ်တစ်သက်ချမှတ်မှု ပြစ်ဒဏ်ပေါ့လျော့တယ်လို့ဝေဖန်

နေပြည်တော်၊ အောက်တိုဘာ(၁၂) အကျင့်ပျက်ခြစားမှုအပါအဝင် နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကို ထောင်ဒဏ်တစ်သက် ချမှတ်မှုဟာ ပြစ်ဒဏ်ပေါ့လျော့တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်လိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ဟာ တာဝန်ထမ်းစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်ရာထူးအာဏာကို အသုံးပြုပြီး နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်တာ၊ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ တံစိုးလက်ဆောင်ရယူတာ၊ အရပ်ဘက်စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ရပ်တွေအတွက်…

ထားဝယ်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ အရပ်သားတစ်ဦး အလောင်းပြန်တွေ့၊ နှစ်ဦးပျောက်ဆုံးနေ

ထားဝယ်၊ အောက်တိုဘာ(၁၂) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာကနေ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံအမျိုးသားသုံးဦးအနက် တစ်ဦးရဲ့အလောင်းပြန်တွေ့ထားပေမယ့် ကျန်နှစ်ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က မောင်မယ်ရှောင်ရွာအနီးမှာ ထားဝယ်အကျဉ်းထောင် ဝန်ထမ်းနှစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်ရောက်လာပြီး ဒေသခံတွေဖြစ်တဲ့ ကိုသားဂန်း၊ ကိုမျိုးဆွေနဲ့အသက် ၁၄ နှစ်အရွယ် မောင်အပုကျူတို့ကို…